Home
သတင်းဓာတ်ပုံ
တိုင်ရီအလုပ်သမား ၂၀၀ ခန့် ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင်  ဆန္ဒပြ
DVB
·
February 21, 2020
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုံက တိုင်ရီဖိနပ်စက်ရုံအလုပ်သမား ၂၀၀ လောက်ဟာ ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့နဲ့ အလုပ်သမားတွေရဲ့အခက်အခဲတွေ ကူညီဖြေရှင်းပေးဖို့ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းကစလို့ တိုင်းအစိုးရအဖွဲ့ရုံး ဝင်ပေါက် ၄ ရှေ့မှာ  တောင်းဆိုဆန္ဒပြနေကြပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းမှာတော့ သူတို့ဆီကို တိုင်း‌အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်လာရောက်တွေ့ဆုံခဲ့‌ပေမဲ့ ပြေလည်မှု မရသေးပါဘူး။ အလုပ်သမားတွေက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့သာ တွေ့ဆုံခွင့်တောင်းဆိုခဲ့တာကြောင့် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က တိုင်းအစိုးရအဖွဲ့ဆီ စာတင်ဖို့ ပြောဆိုခဲ့ပါတယ်။ Photo - Kyaw Swar Tun / MPA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024