ကွယ်လွန်သွားသည့် လွှတ်တော်အမတ် ဦးလှဖြိုးအတွက်  စစ်ကိုင်းတိုင်းလွှတ်တော်၌ ငြိမ်သက်ဆုတောင်း 

ကွယ်လွန်သွားတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ဒီကနေ့မနက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ခန်းမတစ်ခုလုံး မတ်တပ်ရပ်ကာ ၁ မိနစ်ခန့် ခေတ္တငြိမ်သက်ဆုတောင်းကြပါတယ်။  ကျွန်းလှမြို့နယ် မဲဆန္ဒနယ်အမှတ် ၂  လွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် မနက်ပိုင်းက မန္တလေးမြို့မှာ ဆေးကုသမှုခံယူရင်း အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။  ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ တက်ရောက်ခွင့်ရှိသူ ၁၀၁ ဦးရှိတဲ့ အထဲက ၂၀၁၇ ခုနှစ်မှာ အန်အယ်လ်ဒီပါတီကိုယ်စားပြု တမူးမြို့နယ်ကိုယ်စားလှယ် ဦးထန်ခို‌ဟောက်၊ ၂၀၁၈ ခုနှစ်မှာ ရှမ်းနီပါတီကိုယ်စားပြု ဟုမ္မလင်းမြို့နယ်ကိုယ်စားလှယ် ဦးသန်းညွန့်၊ ၂၀၁၉ ခုနှစ်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဖုန်းမြင့်နိုင်နဲ့ အန်အယ်လ်ဒီ ပါတီကိုယ်စားပြု ကျွန်းလှမြို့နယ်ကိုယ်စားလှယ် ဦးလှဖြိုးတို့ ကွန်လွန်ခဲ့တာပါ။  ဦးထန်ခိုဟောက်နေရာမှာတော့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကြောင့် အစားထိုး ရွေးချယ်နိုင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ဦးရိုထန်ပွီးရာ အနိုင်ရရှိခဲ့ပါတယ်။  လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်  ၉၉ ဦးရှိပြီး အန်အယ်လ်ဒီ ပါတီကိုယ်စားပြု ၆၉ ဦး၊ ကြံ့ခိုင်ရေးပါတီက ၅ ဦး၊ ရှမ်းနီပါတီက ၁ ဦးတို့ရှိပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up