မင်းကင်းတွင် အရက်ကြောင်ပြီး ပုဆိန်ဖြင့်ခုတ်သတ်မှုကြောင့် ၁ ဦး သေဆုံး
Aung Ko Latt
·
February 20, 2020
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေးရွာမှာ အရက်ကြောင်နေတဲ့လူတဦးက ပုဆိန်နဲ့ ခုတ်သတ်တာကြောင့် လမ်းလျှောက်နေသူတဦး သေဆုံးသွားပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့က အသက် ၅၀ ကျော်အရွယ် မြင့်ဆွေဆိုသူက အရက်ကြောင်ကာ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာတဲ့ တရွာတည်း အသက် ၆၈ နှစ်အရွယ် ဦးမောင်အိဆိုသူကို နေအိမ်ကနေထွက်ပြီး ကိုင်ဆောင်လာတဲ့ ပုဆိန်နဲ့ ခုတ်သတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် ဦးမောင်အိမှာ နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၂ ချက်၊ ညာဘက်မျက်ခုံးအထက် ချိုင့်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး နေရာတင် သေဆုံးသွားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျုးလွန်သူ မြင့်ဆွေကို မင်းကင်းမြို့မရဲစခန်းက ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။