လမ်းမတော် သံဈေးမီးလောင်မှု မနက် ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်း
DVB
·
February 20, 2020
ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိ လမ်းမတော်လမ်းသံဈေးမှာ ဒီမနက် ၆ နာရီလောက်က စတင်တဲ့ မီးလောင်ကျွမ်းမှုကို Level 5 အဆင့် မီးငြှိမ်းသတ်နေရာမှာ ၈ နာရီခွဲအချိန်မှာ မီး ထိန်းနိုင်ခဲ့ပြီး မနက် ၉ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားပြီလို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီမီးလောင်မှုမှာ လူသေဆုံးမှု မရှိသေးပေမယ့် မှန်ကွဲစတွေကြောင့် ထိခိုက်ဒဏ်ရာ ရသူ တွေ ရှိနေပါတယ်။
လတ်တလော မနက် ၉ နာရီကျော်လောက်အထိ မီးလောင်မှုမှာပိတ်မိနေသူ ၈၂ ဦးကို ကယ်ဆယ်ထားပြီး ကျန်တဲ့ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေဆဲဖြစ်ပါတယ်။
မီးလောင်တဲ့နေရာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအပါအဝင် အစိုးရတာဝန်ရှိသူတွေ မီးလောင်ပြင်ကို လာရောက် ကြည့်ရှုစစ်ဆေးနေပါတယ်။
မီးလောင်ရခြင်းအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ အခုချိန်ထိမသိရသေးပါဘူး။
သင်းသင်းဇော်
Photo - Ye Ko / MPA