Home
မြန်မာသတင်း
ဂျမ်းပုံမတို့ခေတ် (သို့) အွန်လိုင်းပေါ်နာမည်ကြီးနေသည့် တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ(ရုပ်သံ)
DVB
·
February 19, 2020
      မန္တလေးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှ သရုပ်ဖော်ကပြကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။        ဒီအခမ်းအနားကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ‘MTV Show by 19th batch’အမည်နဲ့ ဟန်လင်းထွန်းအမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အ ကောင့်ကနေ မျှဝေထားခဲ့တာ ဖြစ်ပါတယ်။        ရုပ်သံရဲ့ အစမှာတော့ ‘ဂျမ်းပုံမတို့ခေတ်’သီချင်းနဲ့ ကျောင်းသူလေး ၂ ယောက်က မြူးကြွသွက်လက်တဲ့ အကအလှသရုပ်ဖော်တင်ဆက်ခဲ့တာကို တွေ့ရပါတယ်။        အဲဒီနောက်မှာတော့ ‘မေဘရဏီလို… ငွေပန်းချီတောင် လက်မှိုင်ချရသကိုး အိုး…  မမမိုး’ဆိုတဲ့ အဆိုတော် ဝင်းဦးရဲ့ သီချင်းတပုဒ်နဲ့ ကျောင်းသားတယောက်က ဝင်လာခဲ့ ပြန်ကာ သီချင်းအလိုက်နဲ့ အချိတ်အဆက်မိမိ သရုပ်ဆောင်ဖျော်ဖြေချိန်မှာတော့ ပရိ သတ်တွေက အားပေးမှုတွေနဲ့ ဆူညံအော်ဟစ်အားပေးခဲ့ကြတာပါ။        နောက်ထပ်သီချင်းတပုဒ်ကလည်း ‘ပန်းဆိုရင်မပန်ချင်ဘူးကွယ့်… ပန်းမကြိုက်တဲ့ မောင့်ပန်းမမရယ်’ဆိုတဲ့ တေးစာသားတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် ဟင်္သာတ ထွန်း ရင်ရဲ့ ‘အလွမ်းမမပန်းမမ’သီချင်းနဲ့အတူ ကျောင်းသားကျောင်းသူ စုံတွဲတတွဲက သရုပ် ဖော်ခဲ့ပြန်ပါတယ်။        အဲဒီနောက်မှာတော့ ‘မိုးရေတက်ရေ တဖွေးဖွေး… ကွင်းရယ်အဝေးဝေး’အစချီတဲ့ အဆိုတော် တွံတေးသိန်းတန်ရဲ့ ‘မိအေးဘယ်မှာလဲ’သီချင်းနဲ့ သရုပ်ဖော်ကပြခဲ့ချိန်မှာ လည်း ပရိသတ်တွေဟာ အားပေးနေခဲ့ကြပါတယ်။        အဲဒီနောက် ဆက်တိုက်ပဲ သီဆိုဖျော်ဖြေမှုမှာတော့ မနောရဲ့ ‘မိချော’သီချင်း၊ သား စိုးနဲ့ ဂျင်းနီသီဆိုထားခဲ့ကြတဲ့ ‘ကျမကို ချစ်တာ ဘယ်သူတဲ့လဲ’သီချင်းစာသားတွေနဲ့ ‘အ ချစ်ရှုံးသမားဒဿဂီရိ’၊ နာမည်ကျော် ‘ဗိုလ်အောင်ဒင်’သီချင်းတွေအပါအဝင် သွက်သွက် လက်လက် တင်ဆက်ပုံတွေဟာ တချက်မှ ငြီးငွေ့စရာမကောင်းပဲ မြူးကြွနေခဲ့တာကို တွေ့ရပါတယ်။        လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုသူ၊ ချီးကျူးမှတ် ချက်ရေးသူတွေ၊ ပြန်လည်မျှဝေသူတွေနဲ့အတူ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024