ပုသိမ်-မုံရွာကားလမ်းတွင် အထောက်အထားမဲ့ ဘင်္ဂါလီ ၁၄ ဦးကို ဖမ်းဆီး
DVB
·
February 19, 2020
မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် ၂၁၉/၃ ယုဇနလမ်းပေါက်အနီးမှာ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ဖေဖော်ဝါရီ ၁၉ရက် မနက် ၄ နာရီလောက်က ဖမ်းဆီးခံရတယ်လို့ ရေနံမနယ်မြေရဲစခန်းက သိရပါတယ်။
ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက ခိုးဝင်ဘင်္ဂါလီတွေ ဝင်ရောက်လာနိင်ကြောင်း တင်ပြချက်အရ မင်းလှမြို့နယ်ရဲတပ်ဖွဲ့ ဒုမြို့နယ်ရဲမှူး ဒုရဲမှူးကြည်စိုးဦးဆောင်တဲ့ရဲတပ်ဖွဲ့က ကင်းလှည့်ရှာဖွေစဉ်မှာ ခုလို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
အဆိုပါ ဖမ်းမိသူတွေဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နဲ့ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ နေထိုင်ကြသူတွေတွေ ဖြစ်ပါတယ်။
လတ်တလော တရားမဝင် ဝင်ရောက်လာသူ ၁၄ ဦးကို မင်းလှမြို့မရဲစခန်းမှာ ခေါ်ဆောင်စစ်ဆေးပြီး ၁၉၄၉ မြန်မာနိုင်ငံအတွင်း နေထိုင်သူမှတ်ပုံတင်အက်ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့ ဒုမြို့နယ်ရဲမှူး ဒုရဲမှူးကြည်စိုးက ပြောပါတယ်။
သတင်း- တင်ရွှေ(မင်းဘူး)၊ ဓာတ်ပုံ - မင်းလှမြို့နယ်ရဲတပ်ဖွဲ့