သမ္မတထရမ့်ကို လူသားမျိုးနွယ်၏ကယ်တင်ရှင်အဖြစ် ဂုဏ်ပြုသီချင်း စပ်ဆို

665
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ‘လူသားမျိုးနွယ်ရဲ့ ကယ်တင်ရှင်’ဆိုပြီး အိန္ဒိယ ဟိန္ဒူလက်ယာစွန်း ပါတီဝင်တွေက ဂုဏ်ပြုသီချင်း စပ်ဆိုထားပါတယ်။
အိန္ဒိယကို လာရောက်မယ့် အမေရိကန်သမ္မတ ထရမ့်ကို ဟိန္ဒူဆယ်နာ ဆိုတဲ့ နိုင်ငံရေးပါတီက ကြိုဆိုလိုက်ပြီး အိုင်အက်စ် စစ်သွေးကြွတွေအပေါ် ထားရှိတဲ့ တူညီတဲ့ သဘောထားဟာ သမ္မတထရမ့်နဲ့ နီးကပ်စေတယ်လို့ သူတို့က ပြောပါတယ်။
ပါတီခေါင်းဆောင် ဗစ်ရှ်နူးဂုပတ္တားက အမေရိကန်သမ္မတ ထရမ့်ဟာ အစ္စလာမ်မစ် အကြမ်းဖက်ဝါဒကို အမြစ်ကနေ ဖယ်ရှားပစ်မယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားတာမို့ ထရမ့်ကို ကြိုက်တယ်လို့ ပြောပါတယ်။
၂၀၁၁ မှာ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဟိန္ဒိူဆယ်နာပါတီက အိန္ဒိယရဲ့ ပြိုင်ဘက် ပါကစ္စတန်ကို ထိန်းချုပ်ဖို့ သူတို့ဟာ သမ္မတထရမ့်ကို အားကိုးတယ်လို့ ပြောထားပါတယ်။
ထရမ့်ဟာ သူရဲ့ ပထမဆုံး အိန္ဒိယခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၄ ကနေ ၂၅ အထိ အိန္ဒိယနိုင်ငံကို လာရောက်မှာပါ။
ခရီးစဉ်အတွင်း ထရမ့်ဟာ ဝန်ကြီးချုပ်မိုဒီရဲ့ ဇာတိ ဂူဂျာရက် နေအိမ်ကို သွားရောက်မှာ ဖြစ်သလို အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။