ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့မှာ လီဗာပူးနှင့် ပီအက်စ်ဂျီ ရှုံးပွဲတွေ့ (ရုပ်သံ)

1.5K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွေမှာ လက်ရှိ ချန်ပီယံ လီဗာပူးနဲ့ နာမည်ကြီး ပီအက်စ်ဂျီတို့ အသီးသီး ရှုံးပွဲတွေ့သွားပါတယ်။
လီဗာပူးက အဝေးကွင်းမှာ အက်သလက်တီကို မက်ဒရစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် တီကိုအတွက် အနိုင်ဂိုးကို ပွဲအစ ၄ မိနစ်မှာ သွင်းယူပါတယ်။
ဒုတိယအကျော့မှာ လီဗာပူးက အိမ်ကွင်းမှာ ပြန်လည်ဧည့်ခံယှဉ်ပြိုင်ရမှာပါ။ ပီအက်စ်ဂျီကတော့ အဝေးကွင်းမှာ ဒေါ့မွန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။
ဒေါ့မွန်အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို ဟာလန်းက သွင်းယူခဲ့ပြီး ပီအက်စ်ဂျီအတွက် ချေပဂိုးကို နေမာက သွင်းယူပါတယ်။
ဒီပွဲမှာ ပီအက်စ်ဂျီက နာမည်ကြီး ကစားသမားတွေ ပါဝင်ပေမယ့်လည်း ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။