သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်
DVB
·
February 19, 2020
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ဟာ အိန္ဒိယနိုင်ငံသမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်ရဲ့ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း အိန္ဒိယနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ သမ္မတရုံးက ဒီနေ့မနက်က သတင်းထုတ်ပြန်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။
အိန္ဒိယနိုင်ငံသမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်ဟာလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံကို ၃ ရက်ကြာချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံ- သမ္မတရုံး