ဘီကီနီဝတ်မော်ဒယ်များပါဝင်သည့် ထူးအယ်လင်းသီချင်း-‘လောဘသားကောင်’(ရုပ်သံ)
DVB
·
February 18, 2020
“အနောက်ဘက်မှာ၀င်သွားတဲ့… နေမင်းရဲ့အပြုံးကိုငါကြည့်ကာ… ငါ့ကိုကယ်မယ့် အရာ ဘယ်မှာရှာရမလဲ… အပြုံးရဲ့ဟန်ဆောင်မှုမှာ ငွေကြေးရဲ့မျက်နှာကိုကြည့်ကာ… လူကိုလူခြင်းလိုက် ဟန်ဆောင်မှုများနဲ့ ဟာ့ ဟာ”
ဒါကတော့ လတ်တလော အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တဲ့ အဆိုတော် ထူး အယ်လင်းရဲ့ သီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။
‘လောဘသားကောင်’လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ကိုဆုက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။
“လူဟာပိုက်ဆံရှာတာမမှားဘူး… ဒါပေမယ့် လာပါ လာပါ ခေါ်တာ ခေါ်တာမှား တယ်… ရိုးရိုးလေးပဲကျင့် ရိုးရိုးလေးပဲသွား… လှပတဲ့နေ့တွေကိုကျော်ဖြတ်ချင်… သိသိ ကြီးနဲ့မှားလုပ်နေတာဟာ ဒါပဲလား… လောဘ လောဘ အငွေ့အဖြစ် လူတွေယစ်မူးလိုက် … သိသိကြီးနဲ့မှားလုပ်နေတာဟာ ဒါပဲလား… လောဘ လောဘ အငွေ့အဖြစ် လူတွေ ယစ်မူးလိုက်”
ဒီသီချင်းရုပ်သံကိုတော့ ဒါရိုက်တာ နိုင်ဦးက ဘီကီနီဝတ် မော်ဒယ်မိန်းကလေး တွေနဲ့ ဆန်းဆန်းပြားပြား ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပါတယ်။
သီချင်းတေးသွားနဲ့ လိုက်ဖက်နဲ့ သရုပ်ဖော်တင်ဆက်ထားတဲ့ ဒီသီချင်းကိုတော့ Legacy Music ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထား ခဲ့တာပါ။
“ဘ၀ဇာတ်ဆရာအလိုကျလို့… ငါလက်လျှော့လိုက်ချိန်တွေတိုင်းမှာ… မေတ္တာတွေ နဲ့အတူ သူဟာကယ်ထုတ်ခဲ့… အဆိုးလေးတွေကျော်သွားရင်… ငါအတိတ်မေ့သွားသလို ဖြစ်သွားပြီ… လူကိုရှိခိုးလိုက် ငွေကိုရှိခိုးလိုက် ဟာ့ ဟာ ဟာ… လူဟာ လူကိုလူကို မ ကယ်နိုင်ပါ… ငေွဟာ ငွေဟာ လူကိုလူကို မကယ်နိုင်ဘူး… ရိုးရိုးလေးပဲကျင့် ရိုးရိုး လေးပဲ သွား… အဆုံးတော့ အဆုံးတော့ရောက်မှာ မျှော်လင့်ရာ… သိသိကြီးနဲ့ မှားလုပ်နေ တာ ဟာ ဒါပဲလား… လောဘ လောဘ အငွေ့အဖြစ် လူတွေယစ်မူးလိုက်… သိသိကြီးနဲ့ မှား လုပ်နေတာဟာ ဒါပဲလား… လောဘ လောဘ အငွေ့အဖြစ် လူတွေယစ်မူးလိုက်”
ထူးအယ်လင်းဟာ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေလေ့ရှိပြီး ဆယ် စုနှစ်နဲ့ချီ သီဆိုအောင်မြင်နေဆဲ အနုပညာရှင်တဦးဖြစ်ပြီး ‘မင်းလေးနားလည်’၊ ‘နေပါ စေချစ်လို့’၊ ‘အချစ်လို့ခေါ်သလား’စတဲ့ သီချင်းတွေဟာ ပရိသတ်တွေ ကြားမှာ ထင်ရှားတဲ့ နာမည်ကြီး သီချင်းတွေပဲ ဖြစ်ပါတယ်။