Homeမြန်မာသတင်း
အင်တာနက်မရှိသည့်နေရာသည် လူ့အခွင့်အရေးချိုးဖောက်လိုသူများအတွက် အကောင်းဆုံးနေရာဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ပြော
အင်တာနက်မရှိသည့်နေရာသည် လူ့အခွင့်အရေးချိုးဖောက်လိုသူများအတွက် အကောင်းဆုံးနေရာဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ပြော
ဝဏ္ဏခွာညို
·
February 18, 2020
အင်တာနက်မရှိတဲ့နေရာ၊ သတင်းသမားတွေမရောက်နိုင်တဲ့နေရာဟာ လူ့အခွင့်အရေး ချိုးဖောက်လိုသူတွေအတွက် အကောင်းဆုံးနေရာဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲမှာပါဝင်ပတ်သက်နေကြတဲ့သူတွေဟာ တိုက်ပွဲတွေဖြစ်တယ်ဆိုပြီး ဖြစ်ချင်သလို ဖြစ်လို့မရသလို ပြည်သူတွေကိုအကာအကွယ်ယူပြီးတိုက်ခိုက်မှုနဲ့ ဘုရားပုထိုးစေတီ၊ ယဉ်ကျေးမှုအနှစ်တွေကို အကာကွယ်ယူပြီး တိုက်ခိုက်လို့ မသင့်တော့ဘူးလို့ ဦးစံကျော်လှက ပြောဆိုလိုက်တာပါ။
ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ် အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်အသုံးပြုခွင့်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အင်တာနက်ကိုထပ်မံပိတ်လိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာသံရုံး တချို့နဲ့ ပြည်ပကလူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့ ရခိုင်ပြည်နယ်အတွင်း လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က အင်တာနက်ကို ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
လတ်တလော ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေချိန်မှာ ခုလို အင်တာနက်တွေကို ပိတ်ထားလိုက်တာပါ။