ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် အိုင်ဖုန်း စီးပွားရေးထိခိုက်

1K
ကိုရိုနာဗိုင်းရပ်စ် Covid-19 ဖြစ်ပွားမှုဟာ တရုတ်နိုင်ငံမှာ အိုင်ဖုန်းထုတ်လုပ်တာနဲ့ ဝယ်လိုအားအပေါ် သက်ရောက်မှုရှိတာကြောင့် မတ်လ ၃လ ပတ် အမြတ်ငွေ လျာထားချက်ကို ပြည့်မီမှာ မဟုတ်ဘူးလို့ အက်ပဲလ်ကုမ္ပဏီက ပြောလိုက်ပါတယ်။
အက်ပဲလ်ဟာ မတ်လ ၃လ ပတ်အတွက် အမြတ်ငွေ အမေရိကန် ဒေါ်လာ ၆၃ ဘီလီယံ ကနေ ၆၇ ဘီလျံအထိ မျှော်မှန်းထားတာပါ။
တရုတ်မှာရှိတဲ့ အိုင်ဖုန်းစက်ရုံတွေက ရာနှုန်းပြည့်မလည်ပတ်သေးတာကြောင့် သူရဲ့ အိုင်ဖုန်းရောင်းလိုအားဟာ အခိုက်အတန့်အားဖြင့် အကန့်အသတ်ရှိနေမယ်လို့ အက်ပဲလ်က ပြောကြားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ လပတ်က အိုင်ဖုန်းရောင်းအားဟာ တစ်နှစ်တာအတွင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့ပါတယ်။
အိုင်ဖုန်းဆိုင်အများစု ပိတ်ပစ်တာ ဒါမှမဟုတ် အချိန်လျှော့ဖွင့်တာတွေနဲ့အတူ တရုတ်ပြည်မှာ အိုင်ဖုန်းဆိုင်တွေ ပြဿနာဖြစ်နေတာက ရောင်းအားကို ထိခိုက်နေတယ်လို့လည်း အက်ပဲလ်က ပြောထားပါတယ်။
လူနာနှစ်သစ်ကူး ပိတ်ရက်ပြီးနောက် တရုတ်ကုမ္ပဏီတွေဟာ ထုတ်လုပ်ရေးပြန်စဖို့ ရုန်းကန်နေရပြီး Covid-19 ဖြစ်ပွားတာက တရုတ်နိုင်ငံ စီးပွါးရေးအပေါ် ဖိအား ပိုမိုစုပုံစေမယ်လို့ မျှော်လင့်ရပါတယ်။