တပ်မတော်ကတရားစွဲထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို ထောင် ၆ လ ထပ်ချ
DVB
·
February 17, 2020
တပ်မတော်ကို သံချပ်ထိုးဝေဖန်ခဲ့သည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို အလုပ်နဲ့ထောင်ဒဏ် ၆ လ ကျခံဖို့ ဗိုလ်တထောင်မြို့နယ်တရားရုံးက ဒီကနေ့ ထပ်မံအမိန့် ချမှတ်လိုက်ပါတယ်။
တပ်မတော်က ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင် ၇ ယောက်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်း၊ မဆုရတနာမြင့်တို့ ၃ ယောက်ကို ထောင်ဒဏ် ၆ လစီကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွန်း၊ ကိုငြိမ်းချမ်းစိုးတို့ကို တရားရှင် လွှတ်ပေးခဲ့ပါတယ်။
ဒီကနေ့ဗိုလ်တထောင်တရားရုံးက တရားစွဲခံထားရတဲ့ ၇ ယောက်ထဲက ကိုငြိမ်းချမ်းစိုးက လွဲပြီး ကျန် ၆ ယောက်ဟာ တပ်က စွဲထားတဲ့ ပုဒ်မ ၅၀၅(က) နှစ်မှု ၊ ပုဒ်မ ၆၆ (ဃ) တစ်မှုနဲ့ အရင်ကတည်းက ထောင်ဒဏ်အသီးသီး ကျခံနေရသူတွေ ဖြစ်ပါတယ်။
Photo - Kyaw Swar Tun / MPA