အန်အယ်လ်ဒီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဓာတ်ပုံ)
DVB
·
March 8, 2013
မတ်လ ၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံ အကြိုညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမနဲ့ ဒို့ရိုးရာစားသောက်ဆိုင်တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးကို ကိုယ်စားလှယ် ၈၆၂ ယောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အကြိုညှိနှိုင်းအစည်းဝေးမှာ သတင်းသမားတွေ သတင်းယူခွင့်မရကြပေမယ့် ညီလာခံကျင်းပမယ့် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာတော့ တက်ရောက် သတင်းယူခွင့်ရကြမှာ ဖြစ်ပါတယ်။
(ဓာတ်ပုံ - ကိုခန့်) Read more