Homeသတင်းဓာတ်ပုံ
ရခိုင်စစ်ပွဲအတွင်း ဒဏ်ရာရပြည်သူများကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့တွေ့ဆုံ ထောက်ပံ့
ရခိုင်စစ်ပွဲအတွင်း ဒဏ်ရာရပြည်သူများကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့တွေ့ဆုံ ထောက်ပံ့
DVB
·
February 17, 2020
ရခိုင်ပြည်နယ် စစ်ပွဲအတွင်း ဒဏ်ရာရထားတဲ့ ဒေသခံပြည်သူတွေကို ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့အဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းမှာ စစ်တွေပြည်သူ့ဆေးရုံသို့ လာရောက်တွေ့ဆုံ အားပေးထောက်ပံ့ငွေတွေ ပေးအပ်ပါတယ်။
ဒဏ်ရာရလူနာ ၆ ဦးကို ထောက်ပံ့ငွေတွေပေးခဲ့ပြီး နောက်ဆက်တွဲ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးမှာဖြစ်သလို ဒဏ်ရာရရှိတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။
စစ်တွေဆေးရုံကို လာရောက်ကြတဲ့ အဖွဲ့ထဲမှာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုဥက္ကဋ္ဌ ဦးမြသန်း၊ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
Photo - Kaung Mrat Naing / MPA