ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု အာနိုး ရနိုင်ဟု ဘရာဇီးဂန္ထဝင် ကာဖူး သုံးသပ်

1.3K
လီဗာပူးနောက်ခံလူ အာနိုးဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရနိုင်တယ်လို့ ဘရာဇီး ဂန္ထဝင်နောက်ခံလူ ကာဖူးက သုံးသပ်လိုက်ပါတယ်။
ရိုးမား၊ အေစီမီလန်အသင်းတွေမှာ အောင်မြင်မှုရခဲ့ပြီး ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံ ၂ ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ ညာနောက်ခံလူ ကာဖူးဟာ လက်ရှိအချိန်မှာတော့ အသက် ၄၉ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
အာနိုးဟာ အင်္ဂလန်ကစားသမားဖြစ်ပေမယ့် ဘရာဇီးသားတဦးလို ကစားပုံရှိပြီး မိမိရဲ့ ကစားပုံနဲ့လည်း ဆင်တူမှုရှိတယ်လို့ ညာနောက်ခံကစားသမားဟောင်း ကာဖူးက သုံးသပ်ပါတယ်။
အာနိုးအနေနဲ့ လက်ရှိအတိုင်းသာ ခြေစွမ်းတိုးတက်လာမယ်ဆိုရင် တချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရနိုင်ပြီး တိုက်စစ်မှူးတွေပဲ ရနေတဲ့ အစဉ်အလာကို ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့လည်း ကာဖူးက ပြောပါတယ်။
ကာဖူးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း လီဗာပူး နောက်ခံလူဟောင်း ဖလာနဂမ်ကို တောက်ပလာမယ့် ကစားသမားအဖြစ် ချီးကျူးခဲ့ဖူးပါတယ်။
ဒါပေမဲ့ နောက်ခံလူ ဖလာနဂမ်ဟာ လီဗာပူးမှာ အောင်မြင်မှုမရခဲ့ဘဲ စကော့တလန်ကလပ် ရိန်းဂျားအသင်းမှာ ကစားနေပါတယ်။