ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ၁၅ မိနစ်အတွင်း ဖော်ထုတ်ပေးမည့်ကိရိယာ တရုတ်တီထွင်

(Xinhua/Liu Kun)
ကိုရိုနာဗိုင်းရပ်စ် ရှာဖွေဖော်ထုတ်ရေး ကိရိယာအသစ်တခုကို တရုတ်နိုင်ငံက ဖန်တီးနိုင်ခဲ့ပြီဖြစ်ပြီး ဒီကိရိယာက လူနာရဲ့ သွေးတစ်စက်ထဲကို အခြေခံပြီး စစ်ဆေးချိန် ၁၅ မိနစ်အတွင်း ရောဂါရှိ၊ မရှိ ရှာဖွေဖော်ထုတ်ပေးမယ်လို့ တရုတ်နိုင်ငံရဲ့ အသက်ရှူလမ်းကြောင်း ရောဂါများဆိုင်ရာ ပင်မဓာတ်ခွဲခန်းက ဖေဖော်ဝါရီ ၁၄ ရက်က ပြောပါတယ်။  ဒီရောဂါဖော်ထုတ်ရေး ကိရိယာဟာ အစောပိုင်း ဓာတ်ခွဲခန်းစစ်ဆေးမှုနဲ့ ဆေးဝါးကုသမှုဆိုင်ရာ စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဒါဟာ Zhong Nanshan အဖွဲ့ရဲ့ ညွှန်ကြားမှုအောက်မှာ ဆောင်ရွက်ခဲ့တဲ့ သုတေသတနအဖွဲ့အစည်းတွေရဲ့ လေ့လာမှု ရလဒ်တခုပဲ ဖြစ်ပါတယ်။ Zhong Nanshan ဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တွန်းလှန်ဖို့ အမျိုးသားကျန်းမာရေးကော်မရှင်က ဖွဲ့စည်းထားတဲ့ ကျွမ်းကျင်သူများအဖွဲ့ ဖြစ်ပါတယ်။ ဒီကိရိယာက သွေးတစက်ကို အခြေခံပြီးတော့ လူ့ခန္ဓာကိုယ်က ရောဂါကူးစက်မှုတခု ရှိလာခဲ့ရင် ပထမဆုံးအကြိမ် ထုတ်လွှတ်တဲ့ IgM လို့ခေါ်တဲ့ ပဋိပစ္စည်းများကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။  ဒါ့ကြောင့် ဒီကိရိယာဟာ လူနာရဲ့ သွေးရည်ကြည်ဟာ အဆ ၅၀၀ ကနေ ၁၀၀၀ အထိ လျော့နည်းနေရင်တောင် ရောဂါရှိ၊ မရှိကို ၁၅ မိနစ်အတွင်း ရှာဖွေဖော်ထုတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ လက်ရှိ ရောဂါမှတ်တမ်းများအတွက် အသုံးပြုနေတဲ့ RT-PCR nuclei အက်ဆစ် စစ်ဆေးမှုနဲ့ နှိုင်းယှဉ်ရင်တောင် အခုစစ်ဆေးမှုကိရိယာသစ်က ပိုမိုလွယ်ကူပြီး ထိရောက်မှုရှိကာ တုံ့ပြန်နိုင်မှုနဲ့ တိကျမှုလည်း ပိုမိုများပြားတယ်လို့ သိရပါတယ်။  ဒါ့အပြင် ကိရိယာအသစ်ဟာ လူပုဂ္ဂိုလ်နဲ့ နေရာတွေအပေါ်မှာ လက်ရှိဆောင်ရွက်နေတဲ့ ရှာဖွေစစ်ဆေးခြင်းဆိုင်ရာ ကန့်သတ်မှုထက်လည်း ပိုမိုထိရောက်ပြီး စစ်ဆေးချိန်ကို ပိုမိုနည်းပါစေပါတယ်။  ဒါ့ကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ကိစ္စတွေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာနဲ့ အနီးကပ်ထိတွေ့ခြင်းဆိုင်ရာ စောင့်ကြည့်မှု မှတ်တမ်းတွေကိုလည်း လျင်မြန်စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီကိရိယာသစ်ကို ဗိုင်းရပ်စ်စ စတင်ပြန့်ပွားခဲ့ရာ ဟူဘေးပြည်နယ်က ဆေးရုံတခုမှာ စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။  ကနဦး nuclei အက်ဆစ်နဲ့ စမ်းသပ်ချက်အရ ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိဘူးလို့ ရလဒ်ထွက်ပေါ်လာတဲ့ လူနာတွေကို ကိရိယာသစ်နဲ့ ပြန်လည်စစ်ဆေးရာမှာ အများစုက IgM ပဋိပစ္စည်းဆိုင်ရာ စစ်ဆေးမှုအရ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဟူဘေးနဲ့ ကွမ်ကျိုးပြည်နယ်တို့ကနေ ရရှိခဲ့တဲ့ ဆေးဘက်ဆိုင်ရာ နမူနာ ၆၀၀ ကျော်ကို စစ်ဆေးရာမှာလည်း IgM ပဋိပစ္စည်းများအရ ရောဂါဖြစ်ပွားမှုမှာ မြင့်တက်နေကြောင်း တွေ့ရပါတယ်။  လက်ရှိအချိန်အထိ စမ်းသပ်မှုကိရိယာအသစ်ကို ဟူဘေးပြည်နယ်မှာရှိတဲ့ မြို့ကြီးတွေဆီ ပေးပို့ထားကာ ဒီကိရိယာတွေကို nuclei အက်ဆစ်စစ်ဆေးမှုလို တခြားသော စမ်းသပ်မှု နည်းလမ်းတွေနဲ့ ပူးတွဲအသုံးပြုသွားမယ်လို့ ဓာတ်ခွဲခန်းက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up