A d v e r t i s e m e n t With Us

အမေရိကန်သမ္မတ၏ အပန်းဖြေစခန်းအတွင်း ဝင်ရောက်သည့် တရုတ်အမျိုးသမီးကို ထောင်ဒဏ်ချ

Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂို အပန်းဖြေစခန်းထဲ ပိုင်နက်ကျူးလွန် ဝင်ရောက်ခဲ့တဲ့ တရုတ်အမျိုးသမီးကို “ဖမ်းဆီးမှုအား ခုခံမှု” နဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ  ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။  လုကျင်းဟာ ပြီးခဲ့တဲ့နှစ်က သမ္မတထရမ့်ရဲ့ အပန်းဖြေစခန်းကို ကျူးကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံရတဲ့ ဒုတိယမြောက် တရုတ်နိုင်ငံသား ဖြစ်ပါတယ်။   လုကျင်း ဝင်ရောက်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်က  အပန်းဖြေစခန်းထဲမှာ သမ္မတထရမ့် ရှိမနေတာကြောင့် သူ့ကို ဖက်ဒရယ်က မဟုတ်ဘဲ ဒေသအာဏာပိုင်တွေက တရားစွဲခဲ့ပါတယ်။  အမေရိကန်ဂျူရီအဖွဲ့က လုကျင်းကို  ပိုင်နက်ကျူးလွန်ဝင်ရောက်မှုကနေ တရားသေ လွှတ်ပေးပေမယ့်  ဖမ်းဆီးတဲ့ ရဲအရာရှိတွေကို ခုခံခဲ့တဲ့အတွက် သူ့ကို ပြစ်ဒဏ်ချခဲ့တာပါ။ လုကျင်းဟာ “ရိုးရိုးသားသား အမှားလုပ်မိတဲ့ ကမ္ဘာလှည့်ခရီးသည်တဦးသာ” ဖြစ်ပြီး “ဘာသာစကား အတားအဆီးကြောင့် ထိခိုက်ရ”တယ်လို့ တရားခံရှေ့နေက လျှောက်လဲခဲ့ပေမယ့် ပမ်းဘိချ်ကောင်တီ တရားသူကြီးက လုကျင်းကို ထောင် ၆ လ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up