သပိတ်ကျင်းတွင် ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး သေဆုံး
DVB
·
February 15, 2020
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာမှာ မနက်ပိုင်းက ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာကို ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာနေ ဦးဘိုမင်း (၄၉-နှစ်) နဲ့ ဝေမင်းနိုင် (၂၆-နှစ်)တို့ နှစ်ဦးအား ဦးခေါင်းကြေမွ၊ ဝဲလက်ပြတ်ထွက်၊ ဝဲ/ယာခြေထောက် ကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိတာကြောင့် အလောင်းတွေကို သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်အား စုံစမ်းရာ ဦးဘိုမင်းဟာ Dump Truck ယာဉ်ရဲ့ ယူဘိုးနတ်အား ဝရိန်မီးနဲ့ ဖြတ်ထုတ်ဖို့ ဂက်စ်အိုးဖွင့်ရာက ရုတ်တရက်ပေါက်ကွဲပြီး ဒဏ်ရာရရှိ သေဆုံးတာလို့ သိရပါတယ်။