Home
မြန်မာသတင်း
မင်းပြားတိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
February 14, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဖားပြိုကျေးရွာ ရန်ကုန်-စစ်တွေကားလမ်းမအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး  အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်က “တိုက်ပွဲမှာ အရပ်သားသုံးယောက်ဒဏ်ရာရထားတယ်ခင်ဗျ။ တယောက်က ဝမ်းဗိုက်မှာဒဏ်ရာရတယ်။ နောက်တယောက်မှာတော့ ညာဘက်ပေါင်မှာ ဒဏ်ရာရတယ်။ နောက်မြစ်နားရွာက တယောက်တော့ ဦးခေါင်းဒဏ်ရာရသွားတယ်။ အခုတော့သူတို့မင်းပြား ဆေးရုံမှာ ဆေးကုသနေမှုခံနေတယ်။ အဲ့ဒီလူနာသုံး ယောက်ထဲက နှစ်ယောက်ကို စစ်တွေဆေးရုံကို ဒီနေ့ပို့ဖို့လုပ်နေတယ်။” ဒဏ်ရာရတဲ့သူ ၃ ဦးထဲမှာ ဝခေါက်ချောင်းကျေးရွာသား အသက် ၆၀ အရွယ် ဦးကြာထွန်းအောင်က ဝမ်းဗိုက်မှာဒဏ်ရာရရပြီး မကွေးတိုင်းနတ်မောက်မြို့က ဦးသံချောင်း အသက် ၅၉ နှစ်က ညဖက်ပေါင်မှာဒဏ်ရာရရှိကာ မင်းပြားမြို့နယ် ငစိုင်းရိုင်းချောင်းကျေးရွာ မြစ်နားရွာက ဦးအောင်မြင့်အသက် ၆၇ ခုနှစ်တော့ ဦးခေါင်းမှာ အသီးသီးဒဏ်ရာရရှိခဲ့တာပါ။ ရာမောင်တံတားအနီးက အမ်းသားရွာက သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌကို အမ်းသားကြီး က ”တိုက်ပွဲက မရပ်သေးဘူး။ အခုအချိန် အထိတိုက်ပွဲက ဖြစ်နေတုန်းပဲလေ။ ၃နာရီ ၄၇ မိနစ်ရှိပြီ၊ မနက်ကတည်းကဖြစ်နေတာ။ စိုးရိမ်ရတာတခုကေတော့ ကျည်ဆန်တွေနေအိမ်တွေပေါ်ကျတယ်။ အိမ်ခေါင်မိုးတွေဖောက်သွားတယ်။” လို့ ပြောပါတယ်။ မင်းပြားမြို့နယ်၊ ရာမောင်တံတား၊ ဖားပြိုကျေးရွာ ရန်ကုန်-စစ်တွေ ကားလမ်းမအနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေ ပိတ်မိနေပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုတော့ မင်းပြားမြို့အထက် ကျိန်တောင်ဘုရားစေတီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း မင်းပြားမြို့ခံတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024