ဝေါတွင် ဆီဘောက်ဆာနှင့်တွဲကား တိုက်မှုကြောင့် ၄ ဦးဒဏ်ရာရ၊ ၃ နာရီခန့် ယာဉ်ကြောပိတ်
DVB
·
February 14, 2020
ပဲခူးတိုင်း ဝေါမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ဆီဘောက်ဆာကားနဲ့တွဲကားတိုက်မှုကြောင့် ၄ ဦးဒဏ်ရာရခဲ့ပြီး ရန်ကုန် မော်လမြိုင်ကားလမ်း ၃ နာရီဝန်းကျင်လောက် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဝေါမြို့နယ် ကျိုက်လှကွေ့နားမှာ ကျိုက်ထိုဘက်ကလာတဲ့ ဆီဘောက်ဆာကားနဲ့ ဘုရားကြီးဘက်ကလာတဲ့ ၁၂ ဘီးတွဲကာ ၂ စီး မျက်နှာခြင်းဆိုင်တိုက်ခဲ့တာလို့ ဝေါမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးသိန်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။
“ဖြစ်တာက မနက် ၆ နာရီကျော်ကျော်လောက်ကတည်းက ဖြစ်တာပါ။ ယာဉ်ကြောတွေ ပိတ်နေတဲ့အတွက် ကျနော်တို့ ယာဉ်ကြောဝိုင်းရှင်းပေးတယ်၊ ၃ နာရီလောက်တော့ ယာဉ်ကြောပိတ်သွားတာပေါ့။ ဆီဘောက်ဆာကားကလည်း ဆီမပါဘူး အခွံကြီးပါ။ ပြီးတော့ ဘုရားကြီးဘက်ကလာတဲ့ တွဲကားကလည်း အခွံကြီးပါ။ ကားပေါ်ပါလာတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိထားတယ်၊ သူတို့ကိုတော့ စိုးရိမ်ရတဲ့ အနေအထားရှိတဲ့အတွက် ရန်ကုန်ဆေးရုံ နဲ့ ပဲခူးဆေးရုံကို ပို့ဆောင်လိုက်တယ်။”
အသေးစိတ်ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အောင်စိုးမိုး