အီးယူက ဗီယက်နမ်ကို ဈေးကွက်တံခါးဖွင့်ပေးပြီး ကမ္ဘောဒီးယားနှင့် ကုန်သွယ်ရေးရပ်ဆိုင်း

ဥရောပသမဂ္ဂ (အီးယူ) ဟာ ဗီယက်နမ်နိုင်ငံအတွက် ဈေးကွက်တံခါးကို ပိုကျယ်ကျယ် ဖွင့်ဖို့နဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ ကုန်သွယ်ရေးရပ်ဖို့ ဖေဖော်ဝါရီ ၁၂ရ က်မှာ သဘောတူလိုက်ပါပြီ။ ကမ္ဘောဒီးယားအစိုးရရဲ့ လူ့အခွင့်အရေးအလွဲသုံးစား လုပ်ရပ်တွေအတွက် ဒဏ်ခတ်ဖို့နဲ့ ဗီယက်နမ်အစိုးရရဲ့ လုပ်သား အာမခံချက်တွေ တိုးတက်လာတဲ့အပေါ် ဆုချီးမြှင့်ဖို့ ခုလိုလုပ်တာလို့ ဆိုပါတယ်။ အီးယူက ဆုပေး ဒဏ်ပေးစနစ် နှစ်ခုလုံးကို ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ အီးယူက ကုန်သွယ်ဖက်နိုင်ငံတွေဆီက ဈေးကွက် လွတ်လပ်ခွင့်ထက် ပိုပြီး လူမှုရေး၊ အလုပ်သမားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ပတ်သက်တဲ့ ကတိတွေအပါအဝင် တောင်းဆိုချက်တွေ တိုးလာတာကို ပြထားပါတယ်။ ဗီယက်နမ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို အတည်ပြုဖို့ အီးယူ အမတ်တွေဟာ ထောက်ခံမဲ ၄၀၁မဲ၊ ကန့်ကွက်မဲ ၁၉၂မဲနဲ့ မဲပေးခဲ့ကြပါတယ်။ ဒါဟာ အီးယူက ဖွံ့ဖြိုးဆဲနိုင်ငံ တနိုင်ငံနဲ့ ပတ်သက်ပြီး ဘက်စုံပါဝင်မှု အများဆုံး သဘော တူညီချက်လည်း ဖြစ်သလို စင်ကာပူနိုင်ငံပြီးရင် ဒုတိယမြောက် အာဆီယံအဖွဲ့ဝင် နိုင်ငံနဲ့ သဘောတူညီချက်လည်း ဖြစ်ပါတယ်။ အီးယူဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ၄၈ နိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ရေး မျက်နှာသာပေးမှု အစီအစဉ်အောက်မှာ  မနေ့ကဆုံးဖြတ်ချက်ကြောင့် ကမ္ဘောဒီးယားနိုင်ငံဟာ ကုန်သွယ်ရေး မျက်နှာသာပေးမှု စုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းကို ဆုံးရှုံးမှာပါ။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် အစိုးရရဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အင်မတန် အရေးကြီးတဲ့ ကိစ္စတွေကို ရည်ညွှန်းပြီး ခုလို အကွက်ရွှေ့ခဲ့တာလို့   အီးယူရဲ့ အလုပ်အမှုဆောင်အဖွဲ့ ပြောခွင့်ရ ဒယ်နီယယ် ရိုစာရီယိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up