သဘာဝလွန်သွေးပျက်ထိတ်လန့်ဖွယ် ဟောလိဝုဒ်ရုပ်ရှင်-Brahms : The Boy(နမူနာ)

1.5K
သဘာဝလွန်သွေးပျက်ထိတ်လန့်ဖွယ် ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Brahms : The Boy ကို မကြာခင်မှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။
ဒီကားကိုတော့ Lakeshore Entertainment နဲ့ STXfilms တို့ ပူးပေါင်းတင်ဆက် လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင် ဒါရိုက်တာ William Brent Bell က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကတော့ အားလုံးသိကြပြီးဖြစ်တဲ့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Boy ရုပ်ရှင်ရဲ့ stand-alone sequel ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။
Jude ဆိုတဲ့ ကောင်လေးဟာ စိတ်ကျန်းမာရေးအခြေအနေတခုကြောင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း တိတ်ဆိတ်တဲ့ ဒေသတခုဆီ မိခင် Liza ၊ ဖခင် Sean တို့နဲ့ မိသား စုပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ သူတို့ပြောင်းလာတဲ့ နေရာဟာ ထူးဆန်းတဲ့ Heelshire စံအိမ်နားကို ဖြစ်ပါတယ်။ တနေ့မှာတော့ ကောင်လေး Jude တယောက် တကယ့် က လေးတယောက်အရွယ်အစားရှိတဲ့ Brahms အမည်ရတဲ့ အရုပ်တရုပ်ကို Heelshire စံ အိမ်နားက ကောက်ရခဲ့ပြီး ဆော့ကစားရင်းကနေ ထင်မှတ်မထားတဲ့ ခြောက်လှန့်မှုတွေ၊ သွေးပျက်စရာအခြေအနေတွေနဲ့ ကြုံတွေ့လာရပါတော့တယ်။ ဒီအဖြစ်အပျက်၊ အခြေအ နေတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ၊ နောက်ပြီး Brahms အရုပ်နဲ့ Jude တို့ ၂ ယောက်ကြားက ဆက်ဆံရေးတွေကရော ဘယ်လိုရှိနေမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပါ။
ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Katie Holmes ၊ Ralph Ineson ၊ Owain Yeoman တို့နဲ့အတူ ကလေးသရုပ်ဆောင် Christopher Convery ကလည်း အထူးပါဝင်ထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်း တွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေး ငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
ဒီရုပ်ရှင်ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရုံတင်မယ်လို့ ကြေညာထားပါတယ်။