ဆီးရီးယားတွင် အမေရိကန်တပ်ဖွဲ့များ တိုက်ခိုက်ခံရ

ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း ကမ်မီရှီမြို့ အရှေ့ပိုင်း စစ်ဆေးရေးဂိတ်တခုမှာ ဖေဖော်ဝါရီ  ၁၂ ရက်က အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပါတယ်။  လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာ  အမေရိကန်တပ်ဖွဲ့ဝင်တွေက ပြန်ပစ်ခတ်ခဲ့တယ်လို့ အိုင်အက်စ်တွေကို တိုက်နေတဲ့ အမေရိကန်ညွန့်ပေါင်းအဖွဲ့က ပြောခဲ့ပါတယ်။  ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA ကတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့   အရပ်သား တစ်ယောက် သေဆုံးပြီး နောက်တစ်ယောက် ဒဏ်ရာရတယ်လို့ သတင်း ထုတ်ပြန်ပါ တယ်။  အမေရိကန်တပ်ဖွဲ့တွေကို တုံ့ပြန်နေတဲ့  ဒေသခံတွေနဲ့ အမေရိကန်စစ်သားတွေကို ရွာက ထွက်သွားခိုင်းနေတဲ့ ပုံတွေပါတဲ့  ဗွီဒီယိုရုပ်သံကို SANA သတင်းဌာနက ပြသပါတယ်။ ညွန့်ပေါင်းအဖွဲ့ကတော့  အခြေအနေ တည်ငြိမ်သွားပြီး  ကင်းလှည့်အဖွဲ့မှာ လူတစ် ယောက်သာ ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဒီပစ်ခတ်မှုမှာ လူတစ်ဦးသေဆုံးပြီး အမေရိကန်စစ်လေယာဉ်တွေက လေကြောင်း တိုက်ခိုက်မှု တစ်ကြိမ်ထက်  မနည်းလုပ်ခဲ့တယ်လို့ ဆီးရီးယားနဲ့ တူရကီမီဒီယာတွေက ကနဦး ပြောကြားပါတယ်။  ညွန့်ပေါင်းအဖွဲ့ ထုတ်ပြန်ချက်မှာတော့ လေကြောင်းတိုက်ခိုက်တာ မပါဝင်ပါဘူး။တူရကီနယ်စပ်နားမှ   လေကြောင်းကနေ တိုက်ခိုက်ပြီးနောက်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ SANA သတင်းဌာနက ပြောပါတယ်။ တူရကီအခြေစိုက် အနာဒိုလူသတင်းဌာနကတော့ အမေရိကန်စစ်လေယာဉ်တွေက လေကြောင်း တိုက်ခိုက်မှု  နှစ်ကြိမ်လုပ်ခဲ့တယ်လို့ ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up