Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေတွက်ပုံစံ ပြောင်းလဲလိုက်သဖြင့် သေဆုံးသူနှင့် ကူးစက်ခံရသူ အရေအတွက် တိုးလာ 
DVB
·
February 13, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ စစ်ဆေးမှုအရေအတွက်ပုံစံ ပြောင်းလဲလိုက်တာကြောင့် တစ်ရက်ထဲမှာတင် တရုတ်ပြည်တွင်း သေဆုံးသူ ၂၄၂ ယောက်နဲ့ ကူးစက်ခံရသူ ဦးရေဟာလည်း တစ်ရက်ထဲမှာ ၁၄၈၄၀  ယောက်အထိ မြင့်တက်သွားပါတယ်။  ဖေဖော်ဝါရီ ၁၃ရက် မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၅၇ ယောက်ရှိပြီး ကူးစက်ခံရသူပေါင်း  ၆၀၀၁၇ ရှိပြီလို့ အတည်ပြုထားပါတယ်။  အခုလို တစ်ရက်ထဲမှာ အရေအတွက် မြင့်တက်သွားရတာကလဲ အရင်က ဆေးခန်းတွေမှာ စစ်ဆေးကုသထားသူတွေ၊ သံသယလူနာစာရင်းထဲက တိုးလာသူတွေကိုပါ ထည့်သွင်းတွက်ချက်တဲ့ စနစ်ကို တရုတ်ကပြောင်းလဲကျင့်သုံးလိုက်တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်ပြည် ဟူဘေးပြည်နယ်တစ်ခုထဲမှာတင် ကူးစက်ခံရမှုပေါင်း ၄၈၂၀၆ ရှိတယ်လို့ အတည်ပြုထားပါတယ်။  မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၂ရက် ည၈နာရီအထိ လူနာသစ်မရှိပဲ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက ဆေးရုံတွေမှာ စောင့်ကြည့်လူနာ ၁၆ ယောက်ကို စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့ သိရပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024