လူထုအားကစားလှုပ်ရှားမှုဆု ကယားပြည်နယ် ၂ နှစ်ဆက်တိုက် ပထမရ

791
၂၀၁၉ ခုနှစ် ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှုတွေမှာ အတက်ကြွဆုံး ပါဝင်လှုပ်ရှားခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲက ကယားပြည်နယ်က အတက်ကြွဆုံး "ပထမ" ဆုရရှိသွား ပါတယ်။
လူထုအားကစားလှုပ်ရှားမှု ဒုတိယအနေနဲ့ ရှမ်းပြည်နယ်နဲ့ တတိယအနေနဲ့ ပဲခူးတိုင်းဒေသကြီးက ရရှိပါတယ်။
ကယားပြည်နယ်အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ပထမဆု၊ ၂၀၁၇ ခုနှစ်မှာ တတိယဆု ရရှိခဲ့ဖူးပြီး အခုဆိုရင် ၂၀၁၈ နဲ့ ၂၀၁၉ ခုမှဦ နှစ်နှစ်ဆက်တိုက် အတက်ကြွဆုံး ပထမဆုံး ဆုရရှိတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားပြိုင်ပွဲတွေမှာတော့ ရန်ကုန်တိုင်းဒေသကြီးက အောင်မြင်မှုအမြင့်မားဆုံးဖြစ်ပါတယ်။