သရုပ်ဆောင် နန်းခင်ဇေယျာ မောင်တောနယ်စပ်သို့ ပထမဆုံးလာရောက်ဖျော်ဖြေ
DVB
·
February 12, 2020
၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ ရခိုင်ပြည်နယ် မောင်တောနယ်စပ်မြို့သို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Miss international 2015 Winner အလှမယ် သရုပ်ဆောင် နန်းခင်ဇေယျာ က ဒေသခံတွေကို သီဆိုဖျော်ဖြေခဲ့ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်သို့ လာရောက်ရာမှာ စိုးရိမ်ခဲ့တဲ့ အကြောင်းနဲ့ ခရီးလမ်းတလျှောက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း နန်းခင်ဇေယျာက ဒီဗွီဘီကို ပြောပြထားပါတယ်။
သရုပ်ဆောင် နန်းခင်ဇေယျာဟာ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းက ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် မောင်တောခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသမီးလက်ဆင့်ကမ်းအပြေးပြိုင်ပွဲနဲ့ ဟင်းချက်ပြိုင်ပွဲ ဗိုလ်လုပွဲ မှာ တက်ရောက် သီဆိုဖျော်ဖြေပေးခဲ့တာလည်း ဖြစ်ပါတယ်။
လင်းလတ်