အပျော်စီးသင်္ဘော Diamond Princess ပေါ်က  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉ ဦးထပ်တွေ့

REUTERS/Issei Kato
အပျော်စီးသင်္ဘော Diamond Princess ပေါ်က နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၉ ယောက်ကို တွေ့ရှိတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးခံရသူ ၄၉၂ ယောက်မှာ  ကူးစက်ခံရသူ ၁၇၄ ယောက် ရှိသွားပြီလို့ ဂျပန်ကျန်းမာရေးဝန်ကြဌာနက သတင်းထုတ်ပြန်ပါတယ်။ နောက်ပြီးသီးခြားစောင့်ကြည့်တဲ့ ဂျပန်အရာရှိတဦးမှာလည်း  ဗိုင်းရပ်စ်ကူးစက်ခံရတာ တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ခါတိုက သတင်းထောက်တွေကို ပြောပါတယ်။ ဟောင်ကောင်မှာ ဆင်းသွားတဲ့ ခရီးသည်တယောက်  ဗိုင်းရပ်စ်ကူးစက်ခံရတာ တွေ့ပြီးနောက် Diamond Princess  သင်္ဘောကြီးကို တိုကျိုမြို့တောင်ပိုင်း ယိုကိုဟားမားဆိပ်ကမ်းမှာ သီတင်းနှစ်ပတ်ကြာ သီးခြား စောင့်ကြည့်ထားတာ ဖြစ်ပါတယ်။  ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို သင်္ဘောပေါ်ကနေ ဂျပန်ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး ကျန်အမှုထမ်းတွေနဲ့ခရီးသည်တွေကို  ဗိုင်းရပ်စ် ရှိ မရှိ ဆက်လက်စစ်ဆေးနေပါတယ်။ အပျော်စီးသင်္ဘော Diamond Princess ဟာ ဖေဖော်ဝါရီလ ၃ ရက်က ယိုကိုဟားမားဆိပ်ကမ်းကို ရောက်လာခဲ့ပြီး အမှုထမ်းခရီးသည် ၂၆၇၀ လိုက်ပါလာတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up