A d v e r t i s e m e n t With Us

ဗင်နီဇွဲလားနိုင်ငံ သမ္မတ ကွယ်လွန်၊ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကျင်းပမည်

သမ္မတ ရှာဗက်ဇ်
ဗင်နီဇွဲလားနိုင်ငံ သမ္မတ အသက် ၅၈ နှစ်အရွယ် ဟူးဂိုးရှာဗက်ဇ်ဟာ ကင်ဆာရောဂါကြောင့် မတ်လ ၅ ရက်နေ့က ကွယ်လွန်သွားပြီးနောက်မှာ ဒုသမ္မတ နစ်ကိုလပ်စ် မာဒူရိုက ယာယီသမ္မတအဖြစ် တာဝန်ယူမှာဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကျင်းပဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အဲလိယပ်စ် ဂျောင်ဝါက ပြောကြားပါတယ်။ “ဒါဟာ နိုင်ငံခေါင်းဆောင် ဟူးဂိုးရှာဗက်ဇ်က ကျနော်တို့ကို ပေးအပ်ခဲ့တဲ့ လုပ်ပိုင်ခွင့်ပဲ” လို့ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံပိုင်သတင်းဌာန တယ်လီဆာကို ပြောသွားပါတယ်။ [caption id="attachment_37127" align="alignleft" width="150" caption="သမ္မတ ရှာဗက်ဇ်"][/caption] သမ္မတ ရှာဗက်ဇ်နေရာကို အစားထိုးဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ပြီး အပြည့်အ၀ ကင်းမဲ့နေတယ်လို့လည်း ရှင်းပြပါတယ်။ ရွေးကောက်ပွဲကို ရက်ပေါင်း ၃၀ အတွင်း ကျင်းပမှာ ဖြစ်ပေမယ့် အဲဒီကာလအတွင်း နေ့ရက်ကို မရွေးချယ်ဘူးလို့ ဆိုပါတယ်။ ဒုသမ္မတ မာဒူရိုက ကြားဖြတ်ကာလမှာ ထိန်းသိမ်းပေးဖို့ တာဝန်ယူမယ် ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ကွယ်လွန်ခဲ့ရင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သမ္မတတာဝန် ယာယီ ယူပေးထားရမယ်ဆိုတဲ့ အချက်နဲ့ မညီဘဲ ကွဲလွဲနေတယ်လို့ ပြောနေကြပါတယ်။ ကွယ်လွန်သူ သမ္မတ ရှာဗက်ဇ်ဟာ ကင်ဆာရောဂါကို ၂ နှစ်ကြာ ခံစားပြီးမှ ကွယ်လွန်ခဲ့တာပါ။ သမ္မတရဲ့ ဆင်းရဲသားတွေနဲ့ ချမ်းသာသူတွေအကြား ခွဲခြားအုပ်ချုပ်တဲ့ ၁၄ နှစ်ကြာ အုပ်ချုပ်ရေး အဆုံးသတ်သွားပြီလို့လည်း ဆိုကြပါတယ်။ သမ္မတရှာဗက်ဇ်ရဲ့ ရုပ်အလောင်းကို ထုံးစံအရ ဈာပနအခမ်းအနား ကျင်းပမယ့် လာမယ့်သောကြာနေ့ မတိုင်ခင်အထိ ကရာကာ့စ် စစ်သင်တန်းကျောင်းမှာ ထားရှိမှာဖြစ်ပြီး ၇ ရက်ပြည့် ၀မ်းနည်းကြေကွဲခြင်း အခမ်းအနားကိုလည်း ကျင်းပသွားမယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။

A d v e r t i s e m e n t With Us

More News
Up