ဘရာဇီးလ် ဂန္ထဝင်ဘောလုံးသမားကြီး ပီလီ၏ ကျန်းမာရေး စိုးရိမ်နေရ

REUTERS/Christian Hartmann/File Photo
690
သမိုင်းတလျှောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက အထင်ရှားဆုံးဖြစ်တဲ့ ဘရာဇီးလ် ဂန္ထဝင်ဘောလုံးသမားကြီး ပီလီရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်။
ပီလီရဲ့ သားဖြစ်သူ အီဒင်ဟိုရဲ့ ပြောကြားချက်အရ ပီလီဟာ တင်ပါးဆုံ အစားထိုးထားတာကြောင့် လမ်းလျှောက်လို့မရ ဖြစ်နေပြီး အိမ်အပြင်ထွက်လို့ မရတာကြောင့်နဲ့ ကျန်းမာရေး ချူချာနေတာကြောင့် စိတ်ကျဝေဒနာပါ ခံစားနေရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ပီလီဟာ လာမယ့်အောက်တိုဘာလမှာ အသက် ၈၀ ပြည့်မှာ ဖြစ်ပြီး သူ အသက်ရှည်စွာ နေထိုင်နိုင်ဖို့ မိသားစုဝင်တွေက လိုလားနေပါတယ်။
ပီလီဟာ ကမ္ဘာ့ဖလား ၃ ကြိမ်ရရှိဖူးတဲ့ တဦးတည်းသော ဘောလုံးသမားတဦးအဖြစ် စံချိန်တင်ထားနိုင်ဆဲဖြစ်ပြီး ဘောလုံးဘိုးအေကြီးအဖြစ် တကမ္ဘာလုံးက သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။