Home
မြန်မာသတင်း
ပြည်ထဲရေးဝန်ကြီးအဖြစ် ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို လွှတ်တော်အတည်ပြု
နေဖြိုးဝင်း
·
February 10, 2020
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုခန့်အပ်လိုက်ပါတယ်။ ကန့်ကွက်မှု တစုံတရာမရှိတဲ့အတွက် လစ်လပ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ် ချုပ်ကြီး စိုးထွဋ်ကို ခန့်အပ်တာဝန်ပေးဖို့ လွှတ်တော်က သဘောတူကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က)ပါ သတ်မှတ်အရည်အချင်းတွေနဲ့ မပြည့်စုံကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားပြပြီး ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်ရှိရင် အမည်စာရင်းပေးသွင်းဖို့ ကြေညာခဲ့ပေမယ့် နောက်ဆုံးသတ်မှတ်အချိန်ထိ ကန့်ကွက်လိုကြောင်း တင်ပြချက်တစ်စုံတစ်ရာ မရှိတဲ့အတွက် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း” ကြေညာသွားပါတယ်။ အရင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ မူလစစ်ဘက်တာဝန်တွေ ထမ်းဆောင်မှာဖြစ်တဲ့အတွက် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024