A d v e r t i s e m e n t With Us

တိုက်စစ်မှူးကျော်ကိုကို လက်ရွေးစင်အသင်း ၃ လပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

တိုက်စစ်မှူး​ ​ေကျာ်ကိုကို(Photo_ HOANG DINH NAM/AFP/Getty Images)
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တိုက်စစ်မှူးကျော်ကိုကို ကို နည်းပြ ပတ်ဆောင်ဟွာနဲ့ ပြဿနာတက်ခဲ့လို့ ပွဲပယ် ၃ လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ကျော်ကိုကိုကို ချမှတ်တဲ့ ပြစ်ဒဏ်ဟာ မတ်လကစပြီး အကျုံးဝင်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ပြောပါတယ်။ [caption id="attachment_36717" align="alignright" width="150" caption="တိုက်စစ်မှူး​ ​ကျော်ကိုကို(Photo_ HOANG DINH NAM/AFP/Getty Images)"][/caption] “ဖေဖော်ဝါရီလကုန်က ဆုံးဖြတ်လိုက်တာဆိုတော့ မတ်၊ ဧပြီနဲ့ မေ ၃ လပေါ့။ ဧပြီလကလည်း တလလုံးပိတ်ရက်တွေများတော့ ၂ လလောက်ဖြစ်မယ့် သဘောပေါ့။” တိုက်စစ်မှူး ကျော်ကိုကိုအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ဟာ ပွဲပယ် သက်သက်ဖြစ်ပြီး ငွေဒဏ်တော့ ပါဝင်မှာ မဟုတ်ဘဲ ပြစ်ဒဏ်ချမှတ်တဲ့အကြောင်း ဘောလုံးအဖွဲ့ချုပ်က ကစားသမားကို တရားဝင် အကြေားကြားပြီးပြီလို့ဆိုပါတယ်။ ဒါနဲ့ ပက်သက်ပြီး ကျော်ကိုကိုက “ဒီအပေါ်မှာ ဘာမှတော့ စောဒကမတက်ချင်တော့ပါဘူး။ ပြစ်ဒဏ်လည်းလုပ်ပြီးပြီ။ ကျနော့်အနေနဲ့ ခံရုံပဲရှိပါတယ်” လို့ ပြောပါတယ်။ လက်ရွေးစင် ပွဲပယ်ပြစ်ဒဏ်ကြောင့် ကျော်ကိုကိုဟာ ရန်ကုန်မှာ မြန်မာအသင်း ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ AFC Challenge Cup ခြေစစ်ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။ “ကျနော့်အနေနဲ့တော့ နည်းနည်းထိခိုက်တာပေါ့။ ကျနော့်အနေနဲ့ ဘာမှမဟုတ်ပေမယ့် ပွဲမကစားရတော့ဘူး။ ဘောလုံးသမားတယောက်က ဘောလုံးမကစားရရင်တော့ ထိခိုက်တာပဲ။ ခဏလေးတန်သည်၊ အကြာကြီးတန်သည်ဖြစ်စေ နစ်နာတာပေါ့” လို့ ကျော်ကိုကိုက ပြောပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။ “ဘောလုံးသမားတွေကလည်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါလို့။ အခုက ကျော်ကိုကိုကိစ္စကလည်း တော်တော်ကြီးတယ်။ နည်းပြတွေကို ကလန်ကဆန်လုပ်တဲ့ အနေအထားရှိတယ်။ ဒါက မလုပ်သင့်ဘူးပေါ့။ ” ကျော်ကိုကိုဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး မြန်မာအသင်းကို ကြေးတံဆိပ်ရအောင် ကူညီနိုင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာ ဘောလုံးပရိသတ်တွေကလည်း ကျော်ကိုကိုကို လက်ရွေးစင်အသင်းအတွက် အားထားနေရတဲ့ တိုက်စစ်မှူး တဦး အဖြစ် ရှုမြင်နေတာပါ။ နည်းပြချုပ် ပတ်ဆောင်ဟွာ အပေါ် မချေမငံ ပြောဆို ဆက်ဆံလို့ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ကျော်ကိုကို ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကနေ အိမ်ပြန်ပို့ခဲ့တာပါ။ ကာယကံရှင် တိုက်စစ်မှူး ကိုယ်တိုင်ကလည်း သူ့ရဲ့လုပ်ရပ်အပေါ်မှာ နောင်တရပြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ နည်းပြချုပ်တို့ကိုလည်း တောင်းပန်ခဲ့ပြီး ဖြစ်ပါတယ်။ တိုက်စစ်မှူး ကျော်ကိုကိုက “သားသမီးတယောက်က ဆိုးလို့ မိဘကရိုက်လိုက်။ ရိုက်လိုက်ပြီးသွားချိန်မှာတော့၊ ဆုံးမပြီးပြီဆိုတော့ ဒါက ကျေအေးသွားပြီပေါ့နော်။ နောင် ဒီလို ပြဿနာမျိုး ဆက်မဖြစ်လိုတော့ပါဘူး။ ဆက်ပြီးတော့လည်း လက်ရွေးစင်အသင်းမှာရော ကလပ်အသင်းမှာပါ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးစားသွားမယ်။ ဆက်ပြီး အားပေးပါဦးလို့ ပရိသတ်တွေကို ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ ဘောလုံးအဖွဲ့ချုပ်က ကစားသမားတယောက်ကို ပြစ်ဒဏ် ချမှတ်တာဟာ ဒီဘက်ခေတ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ လက်ရွေးစင်အသင်းမှာ စည်းကမ်း မလိုက်နာတဲ့အတွက် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်ကလည်း ကျော်ကိုကို ကို တလစာ ဒဏ်ငွေ ချမှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up