မဘိမ်းမြို့နယ်တွင် စိတ်ကြွဆေးပြား ၁ သိန်းကျော် ဖမ်းမိ
DVB
·
February 9, 2020
ရှမ်းပြည်နယ် မဘိမ်းမြို့နယ်မှာ မနေ့ညက စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းကျော် ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီး နိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ မဘိမ်းမြို့နယ်၊ မဘိမ်း-မိုးမိတ်သွားကားလမ်း၊ ဘဟဲကျေးရွာအုပ်စု၊ ပွေးတူးကျေးရွာရှိ မြစ်ဆုံကူးတို့ဆိပ်အနီးမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ည ၆ နာရီခွဲလောက် လပါ မောင်းနှင်ပြီး ဇော်ယော် လိုက်ပါလာတဲ့ Pajero ယာဉ်အား ရပ်တန့်ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်မောင်းထိုင်ခုံအောက်အံဝှက်အတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်း တလုံးကို သိမ်းဆည်းမိခဲ့ပြီး သူတို့နှစ်ဦး (ဖမ်းမိ) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။