Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ရေးပစ္စည်း လှူဒါန်း
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ရေးပစ္စည်း လှူဒါန်း
DVB
·
February 9, 2020
ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၈ ရက် မြို့တော်ခန်းမမှာ လှူဒါန်းခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ် ရောဂါ စောင့်ကြည့်လူနာတွေ အကုန်လုံး ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံမှဆင်းသွားပြီဖြစ်ပြီး လက်ရှိမှာ သံသယလူနာ ၂ ဦး ရှိတယ်လို့ ရှမ်းပြည်နယ် အထူးရောဂါ နှိမ်နင်းရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောပါတယ်။
အဲဒီ စဝ်စံထွန်းဆေးရုံမှာရောက်ရှိတဲ့ သံသယလူနာဟာ ပြီးခဲတဲ့လကုန်လောက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့ကို သွားရောက်ခဲ့ဖူးပြီး ချောင်းဆိုးတာနဲ့ ဖျားတာကြောင့် ဘန်းယဉ် ဆေးရုံကို သွားရောက်ပြသခဲ့ပြီးနောက် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။
ရှမ်းပြည်နယ်မှာ နယ်စပ်ဂိတ်တွေအကုန်လုံး စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ပညာပေးတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။
ရှမ်းပြည်နယ်မှာ ကျန်းမာရေး ပြုစုသူတွေအနေနဲ့ PPE ဝတ်စုံကအ လုံအလောက်မရရှိသေးဘဲ ကျန်တဲ့ N95 မတ်စ်တွေ အလုံအလောက်ရှိတယ်လို့ဆိုပါတယ်။
ရှမ်းပြည်နယ်က နယ်စပ်နဲ့ထိစပ်ပြီး လေကြောင်းတွေပိတ်လိုက်ပေမယ့် ပြည်သူတွေအနေနဲ့ တရုတ်နိုင်ငံကနေ ကုန်းကြောင်းကတဆင့် ပြန်လာတဲ့သူတွေတွေအနေနဲ့ နေမကောင်းဖြစ်ပါက အမြန်ဆုံးအကြောင်းကြားပေးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းလိုက်ပါတယ်။
ရှမ်းပြည်နယ်တစ်ခုလုံးအတွက် အစိုးရက သိန်း ၁၀၀ ကျော်တန်းဖိုးရှိ ကာကွယ်ရေးပစ္စည်းတွေကို ပေးအပ်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
ခွန်ရာဇာ