ပွဲကစားခွင့် အလုံအလောက်မပေးခဲ့ဟု မော်ရင်ဟိုအား ဒယ်နီရို့စ် ဝေဖန်

Getty Image
618
နည်းပြ မော်ရင်ဟိုက ပွဲကစားခွင့် အလုံအလောက်မပေးခဲ့ဘူးလို့ နောက်ခံလူ ဒယ်နီရို့စ်က ဝေဖန်လိုက်ပါတယ်။
အင်္ဂလန် ဘယ်နောက်ခံလူ ဒယ်နီရို့စ်ဟာ စပါးအသင်းကနေ ထွက်ခွာဖို့အတွက် ပြီးခဲ့တဲ့ ၁ နှစ်လောက်ကတည်းက နီးစပ်ခဲ့ပေမယ့်လည်း အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကမှ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။
မော်ရင်ဟို ရောက်ရှိလာတဲ့အချိန်မှာတော့ စပါးအသင်းအတွက် ကစားပေးဖို့ အခွင့်အရေး နည်းသွားခဲ့ရပြီး မော်ရင်ဟိုက သူ့အတွက် ပွဲကစားချိန် အလုံအလောက် မပေးခဲ့ဘူးလို့ ဒယ်နီရို့စ်က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
မော်ရင်ဟို ရောက်လာပြီး တလအတွင်းမှာပဲ ပွဲကစားခွင့်မရတော့ဘူးဆိုတာ သိခဲ့ပြီး ပွဲကစားခွင့်မရတော့ဘူးဆိုတာ သိသိနဲ့ လေ့ကျင့်ရေးဆင်းရတာက အလွန်ခက်ခဲတယ်လို့ ဒယ်နီရို့စ်က ဆိုပါတယ်။
နယူးကာဆယ်အသင်းမှာတော့ ခြေစွမ်းပြနိုင်ဖို့ ကြိုးပမ်းမှာဖြစ်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်ဖို့ ဒယ်နီရို့စ် ပစ်မှတ်ထားနေပါတယ်။