စင်ကာပူ ရှော့ပင်းမောလ်များတွင် ပစ္စည်းပြတ်လပ်သည်အထိ ဈေးဝယ်သူ များပြား

Reuters
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို လိမ္မော်ရောင်အဆင့် တိုးမြှင့်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၇ ရက်က ရှော့ပင်းမောလ်တွေမှာ လူတွေ ထိတ်လန့်တကြား အလုအယက် ဈေးဝယ်ခဲ့ကြပါတယ်။ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစု စုပေါင်း  ၃၃ ယောက်ရှိပြီး တရုတ်ပြည်မကြီးနဲ့ ဂျပန်နိုင်ငံပြီးရင် တတိယ အများဆုံး ကူးစက်ခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။  နောက်ထပ်ကူးစက်ခံရသူ ၃ ယောက်ဟာ အရင် ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့  အဆက်အစပ်မရှိ၊ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာ မရှိဘူးလို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၇ ရက်မှာ ပြောခဲ့ပါတယ်။ ဒါကြောင့် ညနေပိုင်းမှာတော့ ရှော့ပင်းမောလ်တွေမှာ ဈေးဝယ်သူတွေ ကြိတ်ကြတ်တိုးနေပြီး  ကောင်တာမှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို တွေ့ရပါတယ်။  ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ စင်ကာပူ ရှော့ပင်းမောလ်တွေက စင်တွေမှာ ပစ္စည်းတွေ ပြတ်နေတာကို တွေ့ရပါတယ်။ စင်ကာပူမှာ အဲဒီလို လိမ္မော်ရောင် အဆင့်သတ်မှတ်ချက်ကို ၂၀၀၉-၂၀၁၀  H1N1 ရောဂါ ဖြစ်ချိန်မှာ နောက်ဆုံး ထုတ်ပြန်ခဲ့ပါတယ်။ ဆားစ်ရောဂါဖြစ်တုန်းက စင်ကာပူမှာ လူအယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာတဝန်း ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up