ဂါရက်ဘေးလ် ရီးရဲလ်တွင် နှစ်ရာသီခန့် ဆက်ရှိမည်

Getty
ဂါရက်ဘေးလ် လက်ရွေးစင်ကစားသမား ဂါရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ နောက်နှစ်ရာသီလောက် ဆက်ရှိနေမယ်လို  အေးဂျင့်ဖြစ်သူက ပြောပါတယ်။ စပါးတောင်ပံ တိုက်စစ်မှူးဟောင်းဟာ အပြောင်းအရွှေ့ရာသီတိုင်းမှာ  ရီးရဲလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးခဲ့သူဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ဒီလိုသတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။  ဒါပေမဲ့ အပြောင်းအရွှေ့ပြီးဆုံးချိန်မှာ သူဟာ ရီးရဲလ်အသင်းမှာ ဆက်ရှိနေခဲ့ပြီး ကောလာဟလတွေဟာလည်း ထပ်မံငြိမ်သက်သွားခဲ့ရပြန်ပါတယ်။  အသက် ၃၀ အရွယ် ဂါရက်ဘေးလ်ဟာ လက်ရှိအချိန်အထိ အသင်းဟောင်း စပါးအသင်းကို ပြောင်းရွှေ့သွားနိုင်တယ်လို‌့ သတင်းကြီးနေသူ ဖြစ်ပြီး သူ့ကို ကမ္ဘာတဝန်းလုံးက ကလပ်အသင်းတွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။  ဒါပေမဲ့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဘားနက်ဒ်ကတော့ ကြံ့ခိုင်ရေးနဲ့ ခြေစွမ်းတို့ကြောင့် ဝေဖန်ခံနေရတဲ့ ဘေးလ်ဟာ စပိန်မြေကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ ဘေးလ်ဟာ ရီးရဲလ်အသင်းနဲ့ ၂၀၂၂ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး အသင်း မပြောင်းတာလည်း ကျန်ရှိနေသေးတဲ့ စာချုပ်ကို လေးစားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ “ဘေးလ်က ရီးရဲလ်အသင်းမှာ နောက်နှစ်ရာသီလောက် ဆက်ရှိနေမှာပါ။ ဒီအတွက် ဘာမှ စိတ်ပူနေစရာ မလိုပါဘူး။ သူဟာ ဒီအသင်းမှာ ပျော်ရွှင်နေပြီးတော့ သူ့အခြေအနေကလည်း ကောင်းမွန်နေပါတယ်” လို့ ဘေးလ်ရဲ့အေးဂျင့်ဖြစ်သူက Cuatro သတင်းကို ပြောပါတယ်။  ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက ဘေးလ်ကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ဖူးပေမယ့် ဒီကိစ္စကို ဘာမှပြောစရာ မရှိဘူးလို့  ဘားနက်ဒ်က ပြောပါတယ်။  “ဒါဟာ တခြားလူတွေက စိုးရိမ်နေတဲ့ကိစ္စပါ။ မစ္စတာဇီဒန်းနဲ့ ဘေးလ်တို့ကြားမှာ  ကောင်းမွန်တဲ့ ဆက်ဆံရေးတခု ရှိနေပြီးတော့ ဒါဟာ ကောင်းပါတယ်။ ဘားနက်ဒ်ဟာ ဂါရတ်ဘေးလ် စပိန်မြေကနေ စွန့်ခွာဖို့ သတင်းတွေကို ငြင်းဆန်လေ့ရှိသူ ဖြစ်ပြီးတော့ သူ့ကို ခေါ်ယူလိုနေတဲ့ အသင်းတချို့ ဘဏ္ဍာရေးအရ သူ့ကို ခေါ်ယူဖို့ မတတ်နိုင် ဖြစ်နေတယ်။” ဒါ့အပြင် ဘေးလ်ဟာ ရီးရဲလ်မှာ ဆက်ရှိနေတာဟာ ငွေကြေးနဲ့မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ သူ ဒီမှာ ဆက်ရှိနေတာဟာ သူ့ရဲ့ လူနေမှုပုံစံနဲ့ သားသမီးတွေကြောင့်ပါ။ ဂါရတ်ဘေးလ်ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်ရောက်မှသာ သူနဲ့သူ့မိသားစုက ကျနော်နဲ့ အတူတူထိုင်ပြီးတော့ ဘာဆက်လုပ်ကြမလဲဆိုတာကို ဆွေးနွေးကြမှာပါ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up