တွန်းဇံမြို့တွင် မြေငလျင်လှုပ်
DVB
·
February 8, 2020
ချင်းပြည်နယ် တွန်းဇံမြို့မှာ မနေ့ညက အင်အား ၃.၆ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၂၂ မိနစ်၊ ၀၉ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၅၁ မိုင် ခန့်ကွာဝေးတဲ့ တွန်းဇံမြို့ရဲ့ အရှေ့ဘက် ၁၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၈၇ ဒီဂရီ၊ အနက် ၁၇ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး(၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။