လယ်လာနာကို အာဆင်နယ်နှင့် စပါး စိတ်ဝင်စားနေ

609
လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းကုန် ဆုံးတော့မယ့် ကွင်းလယ်လူ လယ်လာနာကို အာဆင်နယ်နဲ့ စပါးအသင်းတွေက စိတ်ဝင်စားနေပါတယ်။
အင်္ဂလန်ကစားသမား လယ်လာနာရဲ့စာချုပ်သက်တမ်းက အခုနှစ် ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
လီဗာပူးဘက်က သက်တမ်းတိုးဖို့ မကမ်းလှမ်းသေးတာကြောင့် ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ရှိနေပါတယ်။
လယ်လာနာကို လက်စတာအသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အသက် ၃၁ နှစ်ရှိလာပြီဖြစ်တဲ့ လယ်လာနာဟာ ၂၀၁၄ ခုနှစ်ကတည်းက ဆောက်သမ်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ၆ ရာသီကာလအတွင်း ပြိုင်ပွဲစုံ ၁၇၅ပွဲ ကစားပေးခဲ့ပြီး ၂၂ ဂိုးသွင်းယူထားပါတယ်။