ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးအတွက် ဆုတောင်းပွဲပြုလုပ်
DVB
·
February 8, 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ ဆုတောင်းပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို Young Insurance Life က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး လူ ၁၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုတာနဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၇ နာရီခွဲအထိ သံသယလူနာ ၂ ဦးအပါအဝင် လူနာ ၉ ဦးအား ဆေးရုံးတွေမှာ ဆက်လက်စောင့်ကြည့်ကုသပေးနေတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၃၅၀၀၀ လောက်၊ တရုတ်နိုင်ငံမှာ သေဆုံးသူ ၇၂၁ ဦး၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ ၁ ဦးစီနဲ့ ပျောက်ကင်းသူက ၂၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
Photo - Kyaw Swar Tun / MPA