ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးအတွက် ဆုတောင်းပွဲပြုလုပ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ ဆုတောင်းပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့သည်။  အဆိုပါပွဲကို Young Insurance Life က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး လူ ၁၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုတာနဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၇ နာရီခွဲအထိ သံသယလူနာ ၂ ဦးအပါအဝင် လူနာ ၉ ဦးအား ဆေးရုံးတွေမှာ ဆက်လက်စောင့်ကြည့်ကုသပေးနေတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၃၅၀၀၀ လောက်၊ တရုတ်နိုင်ငံမှာ သေဆုံးသူ ၇၂၁ ဦး၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ ၁ ဦးစီနဲ့ ပျောက်ကင်းသူက ၂၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ Photo - Kyaw Swar Tun / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up