သမ္မတထရမ့် မိသားစုကို တောင်းပန်

Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြစ်တင်စွပ်စွဲမှုကိစ္စနဲ့ပတ်သက်ပြီး  ဖေဖော်ဝါရီ ၆ ရက်က မိသားစုကို တောင်းပန်လိုက်ပါတယ်။   သမ္မတ ထရမ့်က ကိုယ်ကျင့်သိက္ခာမဲ့သူ တချို့ရဲ့မဟုတ် မမှန်လုပ်ရပ်ကို သူ့မိသားစု ကြုံတွေ့ခံစားခဲ့ရတာကြောင့် မိသားစုကို တောင်းပန်စကား ဆိုခဲ့တာပါ။  ဒါ့အပြင် အဲဒီ အခက်အခဲကို ဖြတ်ကျော်ခဲ့တဲ့အတွက်လည်း ထရမ့်က  မိသားစုကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။  အိမ်ဖြူတော်မှာလုပ်တဲ့ အခမ်းအနားကို ရီပတ်ဘလီကန် အမတ်တွေ၊ အုပ်ချုပ်ရေးအရာ ထမ်းတွေနဲ့ မီဒီယာအထင်ကရပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပြီး  သမ္မတ ထရမ့်ကို မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြပါတယ်။    ထရမ့်က သူဟာ  ဒုတိယ သမ္မတသက်တမ်းကို ဝင်အရွေးခံမယ်လို့ ပြောခဲ့ပြီး  ရွေးကောက်ခံရရင် ကောင်းစွာ အလုပ်လုပ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။  သမ္မတထရမ့်ကို အာဏာအလွဲသုံးမှု၊ ကွန်ဂရက်အား တားဆီးမှု စွဲချက်နှစ်ခုနဲ့  အထက် လွှတ်တော်မှာ ပြစ်တင်စွပ်စွဲခံခဲ့ရတာဖြစ်ပြီး မဲခွဲဆုံးဖြတ်ပြီးနောက်  တရားသေ လွှတ်ပေးခဲ့တာပါ။ ဒီလို တရားသေ လွှတ်လိုက်တာက သမ္မတ ထရမ့်အဖို့ ကွန်ဂရက်မှာ ရှိနေတဲ့ ဒီမိုကရက် ရန်သူတွေအပေါ် အကြီးမားဆုံး အောင်ပွဲခံလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up