နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ထမနဲထိုးပြိုင်ပွဲ ကျင်းပ
သူဇာလင်း
·
February 7, 2020
စည်းလုံးညီညွတ်မှု အင်အားကို ဖော်ဆောင်တဲ့အနေနဲ့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပပါတယ်။
စည်းလုံးညီညွတ်မှုရှိမှာသာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်တဲ့အချိန်မှာ အောင်မြင်မှု ရှိတာကြောင့် အခုလို ထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးတာဖြစ်တယ်လို့ နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူကပြောပါတယ်။
နာရေးကူညီမှုအသင်းရဲ့ တပို့တွဲလ ထမနဲထိုးပြိုင်ပွဲကိုတော့ နှစ်စဉ်ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ပရဟိတအဖွဲ့အစည်းတွေ ပါဝင်တဲ့ အဖွဲ့ ၉ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆုတွေ ချီးမြှင့်ပေးပါတယ်။