၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား မုံရွာတက္ကသိုလ်တွင် ကျင်းပ
Aung Ko Latt
·
February 7, 2020
၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ (မုံရွာ) ကနေ ဦးဆောင်ပြီး မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းနဲ့ တက္ကသိုလ်တာဝန်ရှိ သူတွေ၊ ရှမ်းသံဃာတော်တွေ၊ ရှမ်းတိုင်းရင်းသားတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ ကြပါတယ်။
၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို မုံရွာတက္ကသိုလ်သာမက ရှမ်းပြည်နယ် အတွင်းက မြို့နယ်တွေမှာလည်း တပြိုင်နက်တည်း ကျင်းပနေကြပြီး တောင်ကြီးမြို့မှာကျင်းပတဲ့ ရှမ်းပြည်နယ်နေ့အခမ်းအနားကိုတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တက်ရောက်ခဲ့ ပါတယ်။
မုံရွာတက္ကသိုလ်မှာကျင်းပတဲ့ ရှမ်းပြည်နယ်နေ့အခမ်းအနားမှာတော့ ရှမ်းတိုင်းရင်းသား ကျောင်းသားကျောင်းသူတွေက ရှမ်းရိုးရာတေးသီချင်းတွေ၊ ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြသလို စစ်ကိုင်းတိုင်းအတွင်းက ရှမ်းတိုင်းရင်းသားတို့ရဲ့ ရှေးဟောင်းအမွေအနှစ် ရိုးရာယဉ်ကျေးမှုပစ္စည်းတွေကိုလည်း ခင်းကျင်းပြသခဲ့ပါသေးတယ်။