YBS မီနီဘတ်စ်ကားများကို နည်းလမ်း ၃ ခုဖြင့် လျှော့ချနေဟု YRTA ပြော
DVB
·
February 7, 2020
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေထဲက မီနီဘတ်စ်ကားတွေကို ပြေးဆွဲခွင့်မပိတ်ဘဲ လူစီးစလစ်ပေးတာ၊ လုပ်ငန်းလိုင်စင်ပြောင်းတာ၊ နယ်ပြောင်းတာ စတဲ့ နည်းတွေနဲ့ တဖြည်းဖြည်း လျှော့ချနေတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
YRTA အနေနဲ့ မီနီဘတ်စ်ယာဉ်တွေကို ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှာ YRTA သတ်မှတ်ချက်တွေနဲ့ မပြည့်မီလို့ အရင်ကပြေးဆွဲခွင့်ပိတ်ဖို့အထိ ပြောဆိုညွှန်ကြားမှုတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဒီယာဉ်တွေကို ယာဉ်လိုင်းတွေမှာ ယာဉ်ကြီးတွေနဲ့အတူ ပြေးဆွဲခွင့် ပြုထားသလို ၂၀၀၃ ခုနှစ်ယာဉ်တွေကို အရည်ကြိုအပ်ခိုင်းပြီး လူစီးစလစ်ထုတ်ပေးတာ၊ စင်းလုံးငှားဖို့အတွက် လုပ်ငန်းလိုင်စင်ပြောင်းလဲပေးတာ၊ နယ်အပြောင်းအရွှေ့ လုပ်ပေးတာတွေနဲ့ တဖြည်းဖြည်းလျှော့ချနေတယ်လို့ YRTA က သိရပါတယ်။
၂၀၁၆ ခုနှစ်မှာ မီနီဘတ်စ်ယာဉ်ပေါင်း ၁၈၀၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ်မှာတော့ မီနီဘတ်စ် ပေါင်း ၁၀၇၀ ကျော်သာ ရှိတော့တယ်လို့ ဆိုပါတယ်။
YBS ယာဉ်တွေမှာ ငွေပုံးစနစ်နဲ့ အရှေ့ကတက်ပြီး အနောက်ကဆင်းဖို့ ညွှန်ကြားထားပေမယ့် မီနီဘတ်စ်ယာဉ်တွေနဲ့ပြေးဆွဲနေတဲ့ YBS ယာဉ်တွေမှာတော့ အဝင်အထွက်တပေါက်တည်း ရှိသလို စပယ်ယာစနစ်နဲ့ငွေကြေးကောက်ခံနေတာပါ။