နယူးဇီလန်နိုင်ငံ အမျိုးသားနေ့အခမ်းအနား ဝန်ကြီးချုပ် တက်ရောက်

Reuters
နယူးဇီလန်နိုင်ငံရဲ့ အမျိုးသားနေ့ (ဝိုက်တန်ဂီနေ့) အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်နေ့က  ကျင်းပခဲ့ပါတယ်။  ဝိုက်တန်ဂီနေ့ဟာ ၁၈၄၀ ခုနှစ်က ဗြိတိသျှတွေနဲ့ မောင်ဝီတိုင်းရင်းသား အကြီးအကဲတွေကြား ဝိုက်တန်ဂီသဘောတူစာချုပ် ရေထိုးခဲ့တဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်။  ဒါကြောင့်မို့ နယူးဇီလန် အမျိုးသားနေ့ဟာ အခုဆိုရင် နှစ်ပေါင်း  ၁၈၀ ရှိသွားပါပြီ။ အရုဏ်တက် အခမ်းအနားကို နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် အာဒန်က “နှစ်ပေါင်း ၁၈၀ တူညီတဲ့ သမိုင်းတလျှောက်မှာ သင်ခန်းစာတွေအားလုံး သိရှိလာရပြီး အဲဒီသင်ခန်းစာတွေဟာ နယူးဇီလန်နိုင်ငံကို ပိုမိုပြည့်စုံစေဖိုနဲ့ အနာဂတ်အတွက် ကြံ့ကြံ့ခံတဲ့ မျှော်လင့်ချက်ကို ပေးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။  သဘောတူစာချုပ် အထိမ်းအမှတ် အခမ်းနားတွေ ကျင်းပပြီး တပတ်အကြာမှာ ဝိုက်တန်ဂီနေ့ကို ကျင်းပခဲ့တာပါ။  ဒီအခမ်းအနားမှာ ဝန်ကြီးချုပ် အာဒန်က ပထမဆုံးအကြိမ် မောင်ဝီရိုးရာလှေကို စီးခဲ့ပါတယ်။ ဝိုက်တန်ဂီ သဘောတူစာချုပ်ဟာ နယူးဇီလန်နိုင်ငံ တည်ထောင်တဲ့အထောက်အထားဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up