Home
မြန်မာသတင်း
ကချင်ဘာသာရေး ဆရာ ၂ ဦးကို မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီး
နော်နိုရင်း
·
February 7, 2020
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) ဓမ္မအမှုတော်ဆောင်နှစ်ဦးကို ကချင်တော်လှန်ရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့တယ်ဆိုပြီး  တပ်မတော်က မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်က ဒေါ်နန်ပူက ပြောပါတယ်။  ဓမ္မအမှုတော်ဆောင်  ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံဆရာ Rev. Bima Dau Lum နဲ့ မြစ်ကြီးနားဇုန် လူငယ်တာဝန်ခံ ဆရာ Tu Htang တို့ကို မနေ့ နေ့ခင်းပိုင်း လောက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတာပါ။  သူတို့ကိုဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီး မနေ့က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အပါဝင် ကချင်လူမှုကွန်ရက်အဖွဲတာဝန်ရှိသူ တချို့ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေသေးပါဘူး။  အမျိုးသမီးကွန်ရက်က  ဒေါ်နန်ပူက “ကျမ သိရသလောက်က စစ်တပ်က ဖွင့်တာ။ ခေါ်သွား တာကတော့ ရဲကခေါ်သွားတာပေါ့နော်။ မနေ့က ကျမတို့ရဲ့အကြီးအကဲတွေနဲ့လည်းတွေ့ပါတယ်။ တွေ့တော့ သူတို့မှာလည်းပဲ အပြစ်မရှိတဲ့လူတယောက်ကို ၂၄ နာရီ ဖမ်းချုပ်လို့မရတဲ့အခါကျတော့ အပြစ်ကြီးတယ်တဲ့။ မနေ့ညကလည်း ရဲစခန်းမှာ ကချင်လူထုတွေကလည်း အုံကြွနေတော့ ကျမတို့တွေကအထဲမှာ စကားပြော နေကြတာပေါ့နော် ည ၇ နာရီအထိပဲ။ ပြောတော့ ကျမတို့လည်း အပြင်မှာရှိတဲ့လူအုပ်ကို ဘယ်လို ပြောရမလဲဆိုတော့ သူတို့ ကျနော်တို့က အထက်က အမိန့်အရ ဒီညနေတော့ ထိန်းသိမ်းထားရလိမ့်မယ်ပေါ့။ ရဲက ပြည်သူကိုပဲ ငဲ့ရမယ့်အခြေအနေ၊ စစ်တပ်ရဲ့ အမိန့်ကိုလည်း မလွန်ဆန်ရဲတဲ့ အခြေအနေ ရှိသေးတာပေါ့။ ” ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်လာနိုင်ရေးအတွက် ဒီကနေ့ ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။  ဖေဖော်ဝါရီ ၅ ရက်မှာ ကျရောက်တဲ့ ၆၀  ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့  ဆုတောင်းပွဲအစီအစဉ်ကို မြစ်ကြီးနားမြို့ ဂျော်ဘွမ်ဆုတောင်းတောင်မှာ ပြုလုပ်ခဲ့တာပါ။  ဒီဆုတောင်းပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သိက္ခာတော်ရဆရာတော် Rev. Bima Dau Lum နဲ့ မြစ်ကြီးနားဇုန်နယ် လူငယ်တာဝန်ခံ ဆရာ Tu Htang တို့ကို အခုလို ဖမ်းဆီးထိန်းသိမ်းတာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024