Home
မြန်မာသတင်း
ပအိုးဝ်အလှမယ် စန်းသီတာထွေး Miss Ethnic Myanmar အလှမယ်သရဖူ ဆွတ်ခူး(ရုပ်သံ)
DVB
·
February 7, 2020
ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းမှာ မနေ့ညက ကျင်းပတဲ့ Miss Ethnic Myanmar 2020 အလှမယ်ပြိုင်ပွဲမှာ ပအိုးဝ်တိုင်းရင်းသား ကိုယ်စားပြုအလှမယ် စန်းသီ တာထွေးက သရဖူဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီအလှမယ်ပြိုင်ပွဲကို နိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်အသီးသမီးက တိုင်းရင်းသား အလှမယ်ပေါင်း ၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Top 5 Finalists စာရင်းမှာတော့ ရခိုင်အလှမယ် အိအိခင်ထွန်း၊ ကယားအလှမယ်  ဖြိုးသက်ဇင်၊ ပအိုးဝ်အလှမယ် စန်းသီတာထွေး၊ ကရင်အလှမယ် နန်းကြည်လဲ့လဲ့စိုး၊ ကချင်အလှမယ် ချန်းဆိုင်းရမ်တို့က ရွေးချယ်ခံရပါတယ်။ ဆုတွေကို ကြေညာချိန်မှာတော့ ပအိုးဝ်တိုင်းရင်းသား ကိုယ်စားပြုအလှမယ် စန်း သီတာထွေးက Miss Ethnic Myanmar 2020 သရဖူဆုကို ဆွတ်ခူးရရှိသွားပြီး 2nd Runner Up ဆုကိုတော့ ကချင်အလှမယ် ချန်းဆိုင်းရမ်နဲ့ 1st Runner Up ဆုကိုတော့ ကယားအလှမယ်  ဖြိုးသက်ဇင်က ရရှိသွားပါတယ်။ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဆုကြေးအဖြစ် အလှမယ်ကို အလှမယ်သရဖူနဲ့ ငွေသားဆု ကျပ်သိန်း ၁၀၀ နဲ့ ဒုတိယဆု ငွေကျပ်သိန်း ၅၀၊ တတိယဆု ငွေကျပ် သိန်း ၂၀ စီ ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အလှမယ် စန်းသီတာထွေးဟာ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းရဲ့ သံတမန်အဖြစ် တိုင်းရင်းသားလူမျိုးစုတွေကြားက ရိုးရာယဉ် ကျေးမှု၊ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအတွက် လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။ ဒီပြိုင်ပွဲရဲ့ တခြားဆုတွေဖြစ်ကြတဲ့ Miss Photogenic Award ဆုကိုတော့ ကချင် အလှမယ် ရွယ်နူး၊ Miss Popular Award ဆုကို ရခိုင်အလှမယ် မေသဒ္ဒါ၊ Miss Congeniality Award ဆုကိုတော့ မွန်အလှမယ် မိရင်စနိုင်း၊ Miss Personality Award ဆုကိုတော့ ဗမာအလှမယ် သွန်းဟံသာ၊ Best Traditional Costume Award ဆုကိုတော့ ချင်းအလှမယ် မိုင်မေထန်းပိုင်၊ Best Talent Award ဆုကိုတော့ ဓနုအလှမယ် ဖွေးစန္ဒာ၊ Best Complexion Award ကို ကိုးကန့်အလှမယ် ယွန်းနီနီလွင်၊ Best Social Award ဆုကို ကယားအလှမယ် အင်နိုးဆန့်၊ Best Healthy Award ဆုကိုတော့ ရှမ်းအလှမယ် နန်းယိင်းမွေဟွမ်တို့က အသီးသီး ရရှိသွားကြပါတယ်။ မနှစ်က ကျင်းပခဲ့တဲ့ Miss Ethnic Myanmar အလှမယ်ပြိုင်ပွဲမှာတော့ ကချင်အလှမယ် အမ်ဂျာဆိုင်းက အလှမယ်သရဖူကို ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024