အာဇာနည် ၁၇ ဦးအတွက် အောက်မေ့ဘွယ်အခမ်းအနား ပြုလုပ်

1.4K
၁၃၀၀ ပြည့်အရေးတော်ပုံအတွင်း မန္တလေးမှာ ကျဆုံးခဲ့ကြရတဲ့ နေမျိုးမဟာသီဟသူရဘွဲ့တံဆိပ်ရ အာဇာနည် ၁၇ ဦး အတွက် ၇၄ နှစ်ပြည့် အောက်မေ့ဘွယ်အခမ်းအနားကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလေး-စစ်ကိုင်းလမ်းရှိ အာဇာနည် ဗိမာန်မှာ ဒီနေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။
မန္တလေးမြို့ပေါ်ရှိ ရွှေကျင်သာသနာပိုင် ၀ါဆို ဆရာတော်ဘုရားကြီး အပါအ၀င် နိုင်ငံရေး အဖွဲ့စည်းတွေ၊ လူမှုရေးနဲ့ ပရဟိတ အဖွဲ့အစည်းတွေက လွမ်းသူပန်းခွေတွေ ချပြီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်။ Read more