အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့် ကွယ်လွန်
DVB
·
February 7, 2020
မကွေးတိုင်း၊ အောင်လံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်ဟာ အောင်လံမြို့၊ အေးချမ်းဖြိုးရပ်ကွက်၊ ပြည်လမ်း နေအိမ်မှာ ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၃း၅၂ နာရီလောက်က အစာအိမ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဦးအောင်ထူးမြင့်ကို သခင်အုန်းမောင် (လူမျိုးစုလွှတ်တော်အမတ်ဟောင်း) နဲ့ ဒေါ်တင်မေတို့က ၁၉၄၉ ခုနှစ်မေလ ၉ ရက်နေ့က မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပါတယ်။
၁၉၈၈ အရေးတော်ပုံကာလမှာ အောင်လံမြို့သပိတ်ကော်မတီမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အမှတ် ၁ စက်မှုဝန်ကြီးဌာန ဝါလုပ်ငန်းစက်ရုံမှူး၊ ခရိုင်ဝယ်ယူရေးတာဝန်ခံအဖြစ် ထမ်းဆောင်ပြီး ၂၀၀၉ ခုနှစ် မေ ၉ ရက်က အငြိမ်းစားယူခဲ့ပါတယ်။
ဦးအောင်ထူးမြင့်ဟာ ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲမှာ အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့တာပါ။
ဦးအောင်ထူးမြင့် ကွယ်လွန်ချိန်မှာ သား ၂ ဦး၊ သမီး ၁ ဦးကျန်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေ ၃ နာရီမှာ ပို့ဆောင်မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ဘဦး